Ep 21

2.9K 340 21
                                    

Zawgyi

Warning!

သီတင်းမကျွတ်​​သေးတဲ့ကာလမို့ မိုးက ​ဖြောက်​တောက်​​ဖြောက်​​တောက်​လိုက်​​နေသည်​။သုဿန်​က
နေ သရဲ​ခြောက်​ခံရပြီးထဲက ပိုင်​ပိုင်​​ဖျား​နေတာ သုံးရက်​ရှိပြီမို့ ​ကောင်းလင်းသန့်​ ဗျာများ​နေရသည်​။
က​လေးများ​နေမ​ကောင်းလို့ အိပ်​ယာထဲ​ခွေ​နေသလို တအိအိနဲ့ ​ခွေ​နေသည်​။

အ​မေလည်း ကံနိမ့်​လို့ဆိုပြီး ရွာဦး​ကျောင်းဆရာ​တော်​ထံ ​ဗေဒင်​​မေးပြီး ယတြာ​ချေ​ပေးသည်​။
ခေါစာပစ်​ဆိုလို့လည်း ​ခေါစာပစ်​​ပေမဲ့ ပိုင်​ပိုင်​ ခုထိ
မသက်​သာ​သေး။လူကြီးပိုင်းတစ်​ချို့ကလည်း
အ​ကြောက်​လွန်​ပြီး ဖျားတယ်​လို့ ဆိုကြသည်​။
ရွာမှာ ပိုင်​ပိုင့်​သတင်းက နာမည်​ကြီးလှသလို
လူချစ်​လူခင်​​ပေါများမှန်း ​ကောင်းလင်းသန့်​ အခုမှ
သိသည်​။သတင်းလာ​မေးသူ စားစရာ လာပို့​ပေးသူ
နဲ့ သူတို့အိမ်​တွင်​ လူပြတ်​တယ်​လို့ကိုမရှိ။အခုလည်း
ဘာမှမစားပဲ အိပ်​ယာထဲလှဲ​နေတဲ့ ပိုင်​ပိုင့်​ကို
ဆေးတိုက်​ဖို့ အစား​ချော့​ကျွေး​နေရသည်​။

"ပိုင်​ပိုင်​​လေး ဆန်​ပြုတ်​​လေး​သောက်​လိုက်​အုံး​နော်
ငါး​ကြော်​မကြိုက်​ဘူးဆိုလို့ ငါးမီးဖုတ်​နဲ့​ကျွေးမယ်​​နော်​က​လေး​လေး"

"ဟင့်​အင်း မစားချင်​ဘူး"

အိပ်​ယာ​ထဲက​နေ မျက်​လုံးမပွင့်​ပဲ စားဖို့ငြင်းသည်​။

"ပိုင်​ပိုင်​ကလည်း ကိုကိုကိုယ်​တိုင်​ စန္ဒတို့ ဒမင်းတဲက​နေ သွား​တောင်း ဝယ်​လာတာကို နည်းနည်း​တော့ စားပါ"

စန္ဒဆိုတဲ့ နာမည်​ကြားကြားချင်း နှုတ်​ခမ်းကြီးဆူပြီး
တစ်​ဖက်​လှည့်​သွားသည်​။နေမ​ကောင်းတာ​တောင်
စိတ်​​ကောက်​ဖို့ သတိရ​သေးတာလား။

"ပိုင်​ပိုင်​​လေး"

"လာမ​ခေါ်နဲ့ "

ပိုင်​ပိုင့်​ပုခုံးကို ကိုင်​ထားတဲ့လက်​​တောင်​ တန့်သွားသည်​။

"ပိုင်​ပိုင်​​လေးကလည်း ဒါစိတ်​​ကောက်​ရမဲ့ အချိန်​မဟုတ်​ဘူး​လေ ကိုယ့်​ကျန်းမာ​ရေးကို ကိုယ်​ဂရုစိုက်
ပိုင်​ပိုင်​​လေး ​နေမ​ကောင်း​တော့ ကိုကိုက ဘယ်​စိတ်​ချမ်းသာပါ့မလဲ လိမ္မာပါတယ်​ က​လေးက"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Où les histoires vivent. Découvrez maintenant