Ep 2

3.8K 383 1
                                    

Unicode

ရုပ်ရှင်ရုံထဲစရောက်ထဲက စားလိုက်တဲ့ပေါက်ပေါက်က
ပါးဖောင်းဖောင်းကြီး နှစ်ဖက်နဲ့အပြည့်။ဒီကြားထဲသူ့ကို မျက်နှာချိုသွေးပြီး ပါးချိုင့်လေး နှစ်ဖက်ပေါ်အောင် လှည့်လှည့်ပြီး ရယ်ပြနေသေးသည်။

ဒီကလေး ပထမနှစ်တုန်းက ချစ်စရာလေးပင်။ ‌ဖြူဖွေးသည့် အသားအရည်၊ မျက်ရစ်မရှိတဲ့ မျက်လုံး‌လေး၊ ဆံပင်အုပ်အုပ် ပါးချိုင့်နှစ်ဖက်အပြင် သွားတက်ကလေးပါပြီ အရပ်ကငါးပေငါး ‌ပေမို့
Princeရဖူးသည်။

အားလုံးအမြင်မှာ ချစ်စရာကလေးသေးသေးလေးဆိုပေမဲ့ ဒုတိယနှစ်မှာတော့ ပါးကြီးဖောင်း ဗိုက်ကထွက် အရပ်က ပုကလည်းပု‌သေး။ အသားလေးသာဖြူနေသေးလို့ တော်တော့သည်။

ပိုင်ပိုင်ခေါ် ပိုင်ဇေဂုဏ်ရောင် ရဲ့ အားနည်းချက်က
အစားအသောက်မှန်း တွဲလာတာကြာလာတဲ့အမျှ သူ သိလာရသည်။ရည်းစားတောင် မုန့်နဲ့လဲစားလို့ရင်
လဲစားမဲ့ လူစားမျိုးပင်။

နိုင်ငံတော်အလံ အလေးပြုပြီးလို့ ရုပ်ရှင်မစခင်
ပေါက်ပေါက်ဆုပ်ဘူးထဲ လက်နိုက်ကြည့်တော့
အစတောင်ရှာမရအောင်ပြောင်သလင်းခါနေပြီ။သူ့မျက်နှာ လှည့်ကြည့်တော့ တဟီးဟီးနဲ့ မျက်နှာချိုသွေးပြ၏။အဲ့လောက်ထိ အစားပုပ်ပါတယ် ဖက်တီးပါဆို။

"ကိုကိုက စားလေ့မရှိဘူးလေ။ အဲ့တာကြောင့် ပိုင်ပိုင်က နှစ်ခုပဲ ၀ယ်တာလေ ကိုကိုကလဲ"

မျက်နှာဖောင်းဖောင်းကြီးကို သနားစရာကောင်းအောင်
ငယ်ပြနေပေမဲ့ သနားစရာမကောင်းပဲ ဆွဲညစ်စရာပဲကောင်းနေသည်။
The nun သရဲကားကို လက်မှတ်ဖြတ်လာတယ်ဆိုထဲက တစ်ရုံလုံး နားကွဲအောင်အော်တော့မှာ သူကြိုသိခဲ့၏။

"အားးးးး"

ဇာတ်လမ်းအစမှာပဲ အားခနဲအော်ပြီး လူပေါ်ခုန်တက်လာသည်။သူ့ကိုယ်လုံးနဲ့ ခုန်တက်လိုက်တာ ကောင်လင်းသန့် သူ့ပေါင်ရိုးတွေ
ကျိုးကုန်ပြီလားမှတ်ရသည်။

နာတာလည်း အကျယ်ကြီး မအော်ရဲပေ။ စိတ်ကောက်မှာဆိုးလို့ပင်။စိတ်ကောက်မှာထက် အထုခံရမှာကို သူပိုကြောက်၏။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now