Ep 18

2.8K 332 24
                                    

Unicode

ခေါင်းတွေ အုံခဲပြီး တဆစ်ဆစ်ကိုက်နေသည်။
သေချာတယ်သူတော့ အရက်နာကျပြီပဲ။ဘေးက ပိုင့်ပိုင့်ကို လက်နဲ့ လိုက်စမ်းပေမဲ့ မစမ်းမိ။အိပ်ယာ
ထသွားပြီ ထင်တယ်။ဘယ်အချိန်လောက်ရှိပြီလဲ
မခန့်မှန်းတတ်။ ‌ခေါင်းထဲ ပေါ်လာသည်က ညက
ပိုင်ပိုင် သူ့ကို စိတ်ဆိုးပြီး ပြန်မယ်လုပ်နေခဲ့တာ။
အိပ်ယာဘေးမှာ အတိုင်းသားရှိနေသေးတဲ့ အိတ်ကြောင့် ပိုင်ပိုင်မပြန်သေးမှန်းသိပြီး အသက်ဝဝ
ရှုမိသည်။မနေ့ကတစ်နေကုန်ပစ်ထားလို့ ဒီကလေး
အကြီးအကျယ် စိတ်ကောက်ပြနေခြင်း။

"အမေ ပိုင်ပိုင်ကော"

"နှင်းနှင်းတို့ လာခေါ်သွားတယ် ဒီနေ့ရွာဦးကျောင်းမှာ
ဝေယျာဝိစ္စ ရှိတယ်လေ အဲ့တာခေါ်သွားတာ"

"ဟာ အစ်မနှင်းကလည်း သားကို နည်းနည်းပါးပါး
တောင်နိုးပြီး မပြောသွားဘူး"

စိတ်ပျက်လက်ပျက်ငြီးငြူနေတဲ့ ကောင်းလင်းသန့်ကို
မိခင်ဖြစ်သူ ကွမ်းသီးညှပ်နေရင်း မော့ကြည့်သည်။
လေးငါးအိမ်လောက်ကျော်ရင်ပဲ မြင်နေရတဲ့ ဘုန်းကြီး
ကျောင်းသွားတာကို  ဘာတွေအဖြစ်သည်းနေတာလဲဆိုတဲ့ အကြည့်။အမေ
မသိပါဘူးဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်ပြီး ထွက်သွားသည်။ဘုန်းကြီးကျောင်းလည်း လိုက်မသွားချင်ဘူး။ဘဘုန်းကြီးနဲ့ သူနဲ့က တည့်တာမဟုတ်ဘူး။

"ကောင်းလင်းသန့် မလိုက်သွားဘူးလား"

"မလိုက်ဘူး ဘဘုန်းကြီးနဲ့ ရန်မဖြစ်ချင်ဘူး"

ဒေါ်စန်းရီ သက်ပြင်းသာ ချနိုင်သည်။အခုလည်း
ငကောင်းမိန်းမကို တွေ့ဖူးချင်တယ် ခေါ်လာဆိုတဲ့ စကားကြောင့် နှင်းနှင်းတို့ လာခေါ်သွားတာများသာ
သိရင် ပြေးလိုက်မှာ သေချာသည်။ဘဘုန်းကြီးဆိုတာ
ဒေါ်စန်းရီရဲ့ ဦးလေးအငယ်ဆုံးပင်။ရွာမှာ ကျောင်းထိုင်
ဆရာတော်တစ်ပါးဆိုသလို ရွာရဲ့ရှိသမျှ ကလေးအကုန်က ဘုန်းကြီးကျောင်းအတွင်းမှာသာ ကြီးပြင်းကြသည်။သရက်ပင် ၊မာလကာပင်
ရှိရှိသမျှ အပင်တိုင်းက ကလေးတွေ စားမကုန်မှ
ရွာထဲက လူကြီး တစ်ချို့ စားရတာပင်။အခုလည်း
ဘဘုန်းကြီးကို သူယောကျာ်းယူတဲ့ ကိစ္စပြောမှာစိုးလို့
မသွားတာ မသိရင် ခက်မယ်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now