Ep 7

2.8K 301 3
                                    

Unicode

"နင်တို့အတွဲကြားမှာ ငါက ဘာလို့ကန့်လန့် ကန့်လန့်
လိုက်လုပ်နေရမှာလဲ မလိုက်ဘူး ကိုယ့်ဘာသာသွား"

ရည်းစားနဲ့ ခရီးသွားချင်တာကို မသွားပဲ ကိုယ့်ကို
third wheelလာလုပ်ခိုင်းနေတယ်။ဒီက မျက်စိသူငယ် နားသူငယ်နဲ့ သူတို့နှစ်ယောက်ကြား
နေရအုံးမယ်။ရည်းစားသာ အနားနားရှိရင် ဘယ်သူ့ကိုမှစောက်ဖက်မလုပ်တဲ့ ပိုင်ပိုင့်အကြောင်းက
ကောင်းကောင်းသိပြီးသားပင်။

"လိုက်ပါ သု့သု့ရာ ခရီးစိတ် ငါတို့ခံပါမယ် အိမ်ကိုလည်း မင်းနဲ့သွားမှာလို့ ပြောထားလို့ပါ
နော် နော်လို့ ကိုငယ်နဲ့ ငါ မင်းကို သဘောတူထားတယ်လေ"

နှုတ်ခမ်းသေးသေးလေးကိုအပြင်ကို ချွန်ထုတ်ပြီး
သု့သု့လက်မောင်းသေးသေးလေးကို ဖက်ပြီး ချွဲနေသည်။

"အဟမ်း သဘောတူတာက တူတာပဲလေ ဒါပေမဲ့"

"မဒါပေမဲ့ပါနဲ့ သု့သု့ရာ ဒီအပတ်ကြာသပ‌တေး
နေ့ညနေသွားမယ်  တောင်ခြေမှာ ညအိပ်ပြီး မနက်မှ
ကားနဲ့ တက်မယ်လေ နော် နော် ငါ့မှာပိုက်ဆံပါပါတယ်"

သူများanniဆိုတော့လည်း ကူညီကောင်းပါတယ် သု့သု့ရေ။သူ့အစ်ကို မျက်နှာရှိသေးတယ် သည်းခံ သည်းခံ သူများအတွဲ roတာကိုပဲ ကြည့်ရမဲ့ ကံပါလာတယ်ထင်ပ။

************************************

"ပိုင်ပိုင် မေမေ စိတ်ချမယ်နော် ကလေးမဟုတ်တော့ဘူး"

ခရီးသွားဖို့အိတ်ထဲ ပစ္စည်းတွေ ထည့်နေတုန်း
မေမေ အခန်းထဲ၀င်လာပြီး ဆုံးမစကားကို တသီကြီး
ပြောနေလေပြီ။ဇန်နဝါရီလကြီးဆိုတော့
အေးမယ်ထင်တယ်လို့ နွေးတာလေးတွေ ထည့်နေသည်။ကိုကိုကော အနွေးထည်ယူလာပါ့မလား
သတိပေးလိုက်ပါအုံးမယ်။

သတိပေးပါ့မယ်ဆိုမှ အနားမှာ မေမေရှိတာကို သတိရသည်။မဖြစ်ဘူး မေမေသိရင် ကျောကော့အောင် အရိုက်ခံရမှာ။

"မေမေ သားကို မုန့်ဖိုးထည့်ပေးရအုံးမယ်နော်"

"ပိုင်ပိုင် အစ်ကိုတွေဆီကလည်း အတင်းဓားပြတိုက်
ထားသေးတယ် မဟုတ်လား"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now