Ep 6

2.9K 291 6
                                    

Unicode

"အစ်ကိုက ဘာနေ့သားလဲ"

"သောကြာသား"

"ဟုတ်လား ဒါဆို သုသုနဲ့ အတူတူပဲပေါ့"

"အင်း  အစ်ကိုတို့ညီအစ်ကိုတွေအားလုံးက နေ့နာမ်မကိုက်ဘူး နာမည်အစမှာ ပိုင်ဇေတွေပါတယ် ဖေဖေ့နာမည်လေ"

"အစ်ကို့နာမည်က အားလုံးထဲမှာ အလှဆုံးပဲ"

"ဟုတ်ပါပြီ အစ်ကို မုန့်၀ယ်ကျွေးပါ့မယ်"

ခေါင်းလေးမော့ပြီး ရယ်မောလိုက်ပုံက အပြစ်ကင်းစင်လိုက်တာ။အစီအရီရှိတဲ့ သွားတန်းဖြူဖြူလေးတွေက တောက်ပနေသည်။

"သု့သု့ "

ဖြတ်ခနဲလှည့်ကြည့်တဲ့ပုံကို အမိအရရိုက်ယူလိုက်သည်။ဖဲပြားကလစ်အသေးလေးဖိထားတဲ့ဆံပင်လေးတွေက လွဲပြီး ကျန်ဆံပင်တွေက
လေမှာဝဲပြီး ဖွာတက်သွားသည်။ကြာပန်းလေးကို လက်မှာကိုင်ပြီး  ယဉ်စစနှင့် အရွယ်ရောက်ကာစ
မိန်းမပျိုလေးနဲ့တူသည်။

"သု့သု့ snapလေးက ချစ်စရာလေး"

အစ်ကိုရိုက်ပေးတဲ့ snapပုံမို့လို့လား မသိဘူး အရင်က ရိုက်ဖူးတဲ့ ပုံတွေထက် ပိုလှနေသယောင်ယောင်။
သောကြာနေ့နာမ်ထောင့်မှာ အတူရှိခိုးပြီး ပန်းတွေအတူကပ်လှူကြသည်။

"အစ်ကို အလှူငွေသွားထည့်အုံးမယ် ခဏ"

အလှူခံဌာနကိုသွားပြီး ကိုပိုင်ဇေဓနထွန်း+သု့သု့ဆိုပြီး
အလှူငွေ ငါးထောင်ထည့်ထားခဲ့သည်။သုတမောင်လို့
‌လွှတ်ခနဲထွက်တော့မည့်ဆဲဆဲ သု့သု့ကလို့ အလျင်အမြန်ပြောရသည်။၀တ်ထားတာက မိန်းမအကျီကြီးကို။

အပင်အောက်က ခုံလေးမှာထိုင်ပြီး ဘုရားဖူးလာတဲ့
ပြည်တွင်းပြည်ပလူတွေကို ငြိမ်ပြီးကြည့်နေမိသည်။

"သု့သု့ ပျင်းနေပြီလား"

"မပျင်းပါဘူး အစ်ကိုရာ ဒီနေ့ဘုရားပေါ်မှာ လူပိုများနေသလိုပဲ"

"အင်း ဒီနေ့လပြည့်နေ့လေ"

"ဪ"

ရုတ်တရက် အစ်ကို့လက်လေးတွေက သု့သု့ဆံပင်လေးတွေကို ယုယုယယနဲ့ သပ်ပေးလိုက်သည်မို့ မျက်နှာတစ်ခုလုံး ချက်ချင်းရဲ
ပြီး ပူတက်လာသည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Wo Geschichten leben. Entdecke jetzt