Ep 34

2.9K 362 46
                                    

Unicode

"မေမေ မဖြစ်နိုင်တာကို မပြောနဲ့။"

"ဟဲ့ ဘာလို့မဖြစ်နိုင်ရမှာလဲ။ပိုင်ပိုင်တို့က တစ်ယောက်ကိုတစ်ယောက်ပြတ်နိုင်ကြတာ မဟုတ်ဘူး။ ငါ့သားလေး နေ့တိုင်း စိတ်ဆင်းရဲနေရတာ ကို အမေဖြစ်တဲ့ငါက ကြည့်မနေရက်ဘူး... နှလုံးသား
မရှိတဲ့ အကောင်ရဲ့"

မေမေနဲ့ အလတ်ကောင်ရဲ့ အပြန်အလှန် အချီအချစကားတွေကို နားထောင်းရင်း ပိုင်ဇေမိုးမြင့်
ခေါင်းတစ်ခုလုံး ပေါက်ထွက်မတတ်ကိုက်ခဲသွားရသည်။

အလတ်ကောင်ပြောတာ မမှားသလို မေမေပြောတာလည်း မှန်ပါသည်။ခက်တာက ပိုင်ပိုင်
ဝက်ရူးပြန်ပြီး မင်္ဂလာဆောင်ချင်ပါသည်လို့ပြောတဲ့ စကားကို အတည်ယူနေတဲ့ မေမေ့ကို နားမလည်နိုင်။
အခုတောင် ပတ်ဝန်းကျင်မှာ တိုးတိုးတစ်ဖုံ၊ကျယ်ကျယ်
တစ်ဖုံ ကဲ့ရဲ့ခံနေရသည်ကို မင်္ဂလာပါဆောင်ပေးအုံးမည်တဲ့။

"သားသဘောမတူဘူး မေမေ။မေမေ့သား ယူထားတာ
ယောင်္ကျားနော် မိန်းမမဟုတ်ဘူး။ယောင်္ကျားယူထားကို
တောင် သူ့ကိုချစ်တဲ့စိတ်နဲ့ သားတို့မျက်ကွယ်ပြုထားပေးတာတောင် မလုံလောက်သေးလို့ အခုလို မဏ္ဍပ်အကြီးကြီးထိုးပြီး
ထပ်အရှက်ခွဲအုံးမလို့လား။"

"ပိုင်ဇေဘုန်းမာန် ငါကမအေဟဲ့ မအေ။
ငါ့သားတွေ ဖြစ်ချင်တဲ့ ဆန္ဒကို ငါအတတ်နိုင်ဆုံး
လိုက်လျော‌ေပးချင်‌ခဲ့တာ ငါ့ဆန္ဒ။ဒီနေ့အချိန်ထိ နင်တို့လေးယောက်အပေါ်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တာချည်းပဲ။နင်တို့ ဘယ်လိုပဲ ဖြစ်နေ
ဖြစ်နေ ငါမရှက်ဘူး။နင်တို့က ငါ့သား။နင်တို့မှားနေရင်
ငါဆိုဆုံးမမှု ညံ့ဖျင်းလို့။ငါအသုံးမကျလို့။
ငါဂရုမစိုက်ပေးနိုင်လို့ လို့ပဲ ငါမှတ်ယူခဲ့တာ။
ပိုင်ပိုင် ယောင်္ကျားတစ်ယောက်ပေါ် နှစ်သက်မြတ်နိုး
နေတာကို ငါကကော ဝမ်းသာပီတိဖြစ်နေတယ် ထင်နေလား။ငါ့သားလေး ပျော်ဖို့၊စိတ်ချမ်းသာဖို့
ပတ်ဝန်းကျင်ကို မျက်စိစုံမှိတ်ခဲ့တာဟဲ့။"

ပြောရင် မျက်ရည်ပေါက်ပေါက်ကျကာ အိပ်ခန်းအတွင်း မေမေဝင်သွား၏။ဧည့်ခန်းအတွင်း
သူတို့ သုံးယောက်သာ ကျန်ခဲ့သည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now