Ep 36

2.8K 315 12
                                    

Unicode

ပိုင်ဇေဘုန်းမာန် ပဲခူးမြို့အတွင်း ကား၊ဆိုင်ကယ် ပွဲစား
လုပ်နေတာ ငါးလခန့်ရှိပြီ။အသိမိတ်ဆွေ ကိုအောင်ကြီးရဲ့ လက်တွဲခေါ်မှု့ကြောင့် ပွဲစားလောကထဲ
ရောက်မှန်းမသိ ရောက်လာရ၏။အခကြေးငွေထက်
လုပ်နေတဲ့ အလုပ်ပေါ် ထားတဲ့စိတ်ကြောင့် ဝယ်လက်
တော်တော်များများ သူနဲ့ ဆက်သွယ်လာ၏။

ယခုလည်း မနက်ထဲက ခွေးဘီလူးတစ်စီး second
hand တစ်မြို့လုံးပတ်ရှာပေးပြီးမှ နောက်ဆုံး အဆင်ပြေသွားသည်။ကိုအောင်ကြီးနဲ့ သူ ရတဲ့ငွေပေါ်
အချိုးကျခွဲယူပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဝင်ထိုင်လိုက်သည်။

"ဟေ့....ညီလေး ဆေးလိပ်တစ်ပွဲအရင်ချကွာ။ပြီးရင်
ကျဆိမ့် နှစ်ခွက်ချ"

လက်ဖက်ရည်ဆိုင်က စားပွဲထိုးကောင်လေးကို ဆေးလိပ်နဲ့ ကျဆိမ့်နှစ်ခွက် အရင်မှာလိုက်၏။
ဒီလက်ဖက်ရည်ဆိုင်က ပေါက်ဆီကို ပိုင်ပိုင်နဲ့ အငယ်ကောင် အရမ်း ကြိုက်သည်။
ပြန်ရင် ဝယ်သွားပေးဖို့ စိတ်ကူးမိ၏။

ပိုင်ပိုင်နဲ့ အငယ်ကောင်ကို အခုတလော အပြစ်မရှိအပြစ်ရှာ
ဆူနေမိသည်မို့ စိတ်မကောင်းဖြစ်မိနေသည်။ဂရုဏာ
ဒေါသကြောင့် ဖြစ်လာရတဲ့ စေတနာအမှားတွေသာ။

"ငါတော့ မင်းနဲ့တွဲလုပ်မှပဲ အလုပ်ခဏခဏဖြစ်တယ်
ငါ့ကောင်ရေ...မင်းက တကယ့်လပ်ကီးလေးပဲ"

"ကိုအောင်ကြီးကိုက ကံတက်နေတာပါဗျာ... အခု
ဝယ်လက်ကလည်း အကို့ကိုပဲ ဆက်သွယ်လာတာပဲကို"

"ဟုတ်တော့ဟုတ်ပေမဲ့...မင်းမပါရင် အလုပ်မဖြစ်
လောက်ဘူးကွ ဒါ့ကြောင့် မင်းကို ဖုန်းလှမ်းဆက်ရတာ...‌မင်းအိမ်ကလူတွေ မသိသေးဘူး
လား မင်းဒီအလုပ်လုပ်နေတာ"

ပိုင်ဇေဘုန်းမာန် စီးကရက်ငွေ့ကို မှုတ်ထုတ်ရင်း ခေါင်းခါပြလိုက်၏။အိမ်မှာဆို မေမေနဲ့တောင် စကား
လက်ဆုံမကျဖူးဘူး။မေမေကပဲ သူ့တို့ကိုပစ်ထားတာလား
သူကပဲ အိမ်ကလူတွေနဲ့ စကားပြောအဆင်မပြေတာလား မပြောတတ်။သူဘာလုပ်နေတယ် ဘယ်လိုရှိတယ်ဆို
တာ ဘယ်သူကမှမမေးသလို သူလည်းမပြောဘူးပေ။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Onde histórias criam vida. Descubra agora