Ep 15

2.5K 246 2
                                    

Unicode

မီးမွှေးပေးပြီး ထင်းချောင်းလေးတွေ ထည့်ပေးသွားတဲ့
မေကြီးကြောင့် ပိုင်ပိုင် မေကြီးလိုပဲ ထင်းချောင်းလေးတွေ ထပ်ဖြည့်ပေးပြီး အခန်းထဲ ပြန်ဝင်လာသည်။အိပ်ယာထဲ ကို့ယို့ကားယား အိပ်ပျော်နေတဲ့ ကိုကို့ဘေး ကပ်ကာ စောင်ခြုံပြီး မျက်လုံးများကို မှေးမိတ်လိုက်သည်။

"အမလေး မီး မီး ‌အစ်မစန်းရီရေ တော်တို့မီးဖိုဆောင်
ကုန်ပါပြီ"

"ဟဲ့ ရေ ရေ ယူလာကြလေ"

"လုပ်ကြပါအုံး ကုန်ပါပြီတော်"

ဆူဆူညံညံ အသံတွေကြောင့် ကောင်းလင်းသန့် လန့်နှိုးသွားသည်။မီး‌ဖိုဆောင်က လောင်နေတဲ့ မီး
တောက်တွေ ဆူညံနေတဲ့ လူအုပ်။ဒါသူတို့အိမ်
မီးလောင်နေတာ။

"ပိုင်ပိုင် ပိုင်ပိုင် ထထ မီးလောင်နေတယ် ထလို့"

စောင်တွေ ကန်ထုတ်ပြီး အိပ်နေတဲ့ ပိုင်ပိုင့်ကို လှုပ်နှိုးလိုက်သည်။

"ပိုင်ပိုင် ထလို့"

"ဟင်"

အိပ်ချင်မူးတူးဖြစ်နေတဲ့ ပိုင်ပိုင့်ကို ဆွဲလှုပ်ပြီး လက်ကို ဆွဲကာ အိမ်ပေါ်က ပြေးဆင်းသည်။
အိမ်ဘက်မရောက်ပေမဲ့ လောင်နေတဲ့ မီးဖိုဆောင်ကြောင့် အိမ်မကြီးဘက် မရောက်ဖူးလို့ မပြောနိုင်။ရှိသမျှ လူအကုန် တစ်နိုင်တစ်ပိုင် အပြေးအလွှား ရေဖြန်းသတ်မှုကြောင့် မီးကုန်သွားသလို မီးဖိုချောင်လေးလည်း တစ်ဝက်သာ
ကျန်တော့သည်။

ရောင်နီတက်လာချိန်မှာ လူအုပ်ရှင်းသွားသည်။

"အမလေး ငါ ဘုရားလေး ရှိခိုးနေတုန်း
မီးလေးခဏကြည့်ခိုင်းပါတယ် မီးဖိုဆောင်တောင်
မီးလောင်သွားတယ် ဒီပြဿနာကို ငါဘယ်လိုရှင်း
ရမလဲ အုပ်ချုပ်ရေးမှူး ငါ့ကို အခေါ်လွှတ်အုံးမှာ"

"မေကြီးရယ် ပိုင်ပိုင် မီးထိုးထားခဲ့ပေးပါတယ်"

"ဟဲ့ ဒီမီးက ထိုးထားရုံနဲ့မရဘူး လူကိုယ်တိုင် စောင့်ကြည့်ရတယ် ကံကောင်းလို့ တစ်အိမ်လုံး မလောင်သွားတာ"

"အမေကလည်း ပိုင်ပိုင်ကို အပြစ်မပြောပါနဲ့
သူက လုပ်မှမလုပ်တတ်တာ"

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now