Ep 27

2.6K 364 30
                                    

Zawgyi

"Hello ​ကျော်​ကြီးလား"

".........."

"​အေး ငါ့ကို(.....)လမ်းမှာ လာ​ခေါ် ။အ​ရေးကြီးလို့"

ည​နေ​လေးနာရီ​ကျော်​မို့ မြို့အတွင်း သွားလာလှုပ်​ရှား
သူများ မပြတ်​လပ်​သလို Mini-bus​တွေရဲ့ သက်​ဆိုင်​ရာ မြို့နယ်​သို့ ပြန်​မည့်​သူများ တ​ကြော်​​ကြော်
အော်​​နေတဲ့ စပါယ်​ယာအသံများနဲ့ မြို့က အသက်​ဝင်​လှသည်​။ခြောက်​ကပ်​​နေတဲ့ ​သွေးစတို့ကို စမ်းကြည့်​ပြီး ရင်​ထဲ ဆို့နင့်​​နေသည်​။

ပိုင်​ပိုင်​နဲ့သူ့ရဲ ရန်​ပွဲက တစ်​​နေ့တစ်​မျိုး ရိုးသွားသည်​ဆိုတာ မရှိဖူးဘူး။ဒါ​ပေမဲ့ ခု​လောက်​ထိ ပိုင်​ပိုင့်​ဘက်​က တင်းမာတာမျိုးလည်း မကြုံဖူးဘူး။သူအိမ်​လည်းမပြန်​ချင်​ပါ။ ဒီပုံစံနဲ့ ဘယ်​ကားသမားကမှလည်း
ကား​ပေါ် တင်​​ခေါ်မည်​မဟုတ်​။အနီးစပ်​ဆုံး သူငယ်​ချင်း ​ကျော်​ကြီးကို အကူအညီ ​တောင်းရသည်​။

ပိုင်​ပိုင်​ လုပ်​ရက်​သည်​။ရန်​ဖြစ်​ စကားများတိုင်း
အဓိပ္ပါယ်​မရှိတဲ့ စကားမျိုးကိုဆိုပြီး ရန်​ပွဲကို အမြဲ
ပြင်းထန်​​အောင်​​လုပ်​သည်​။သူ့မချစ်​ဖူးဆိုတဲ့ စကား
မျိုးကိုသာ ​တောက်​​လျှောက်​​ပြောပြီး ငိုယိုသည်​။
ပိုင်​ပိုင့်​ကိုသာ မချစ်​ရင်​ ဒီ​နေ့ဒီအချိန်​ထိ​ရောက်​လာစရာမလိုပါ။ပိုင်​ပိုင့်​လို အမြဲချစ်​​ကြောင်း တဖွဖွ
မ​ပြော​ပေမဲ့ ဒီ​ကောင်​​လေးကို သူချစ်​ရသည်​။

"င​ကောင်း...သားကြီး ဘယ်​လိုဖြစ်​လာတာလဲ"

ဆိုင်​ကယ်​ထိုးရပ်​ရပ်​ချင်းဆိုလာတဲ့ ​ကျော်​ကြီး စကား
ကြောင့်​ လမ်း​ဘေးမှာ ငုတ်​တုတ်​ထိုင်​​နေရာမှ မတ်​တပ်​ထရပ်​လိုက်​သည်​။

"ဘယ်​​ကောင်​လဲ​ပြော...ဘယ်​​ကောင်​လုပ်​လိုက်​တာလဲ
ငါနဲ့​တွေ့မယ်​ ပဲခူးတစ်​မြို့လုံးမှာ ငါနဲ့မသိ​တဲ့​ကောင်
မရှိဘူး....အဲ့​ကောင်​ ​တွေ့ရာသချိုင်း ဓားမဆိုင်းပဲ"

ဆိုင်​ကယ်​​ပေါ်ကဆင်းလာပြီး ရိုက်​မယ်​နှက်​မယ်​ တကဲကဲလုပ်​​နေတဲ့ ​ကျော်​ကြီးပုခုံးကို လက်​နဲ့ပုတ်​လိုက်​၏။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now