Ep 20

3K 376 29
                                    

Zawgyi

အိမ်​ပြန်​​ရောက်​တာနဲ့ ဝက်​ကို ​ရေဝိုင်း​ချိုး​ပေးရသည်​။တစ်​ကိုယ်​လုံး နှုန်းနှစ်​​တွေကြီးပဲ။

"ပိုင်​ပိုင်​ ဆပ်​ပြာ​သေချာတိုက်​​နော်​ နှုန်း​စော်​နံလို့က​တော့ တစ်​​ယောက်​ထည်းအိပ်​ပဲ"

"ကိုကိုကလည်း ချစ်​တယ်​ဆို ဒီ​လောက်​​တော့
သည်းခံရမှာ​ပေါ့"

ပြော​နေရင်း ​ရောင့်​တက်​​နေတဲ့ ပိုင်​ပိုင့်​ရင်​ဘတ်​ကို လက်​နဲ့ နာနာ​လေးပိတ်​ရိုက်​လိုက်​သည်​။

"ကိုကို ဘယ်​ကို လာရိုက်​တာလဲ နာတယ်​​လေ"

"နာ​အောင်​ရိုက်​တာ​လေ ​ပြောစကားမှ နားမ​ထောင်​တာ ဘယ်​လိုစိတ်​ကူးမျိုးနဲ့ ငါးဝင်​ဖမ်းရတာလဲ"

"ဟီးဟီး သူတို့ဖမ်း​နေတာ ​ပျော်​စရာကြီးမို့ပါ"

"ပိုင်​ပိုင်​​နော်​ ကိုကိုမကြိုက်​ဘူး ​နောက်​တစ်​ခါ အဲ့လို
လုပ်​ရင်​ ရိုက်​မှာ"

ကောင်​လင်းသန့်​ ပိုင်​ပိုင့်​​ကျောပြင်​ကို ဆပ်​ပြာတိုက်​​ပေးရင်း ဆူ​နေပူ​နေသည်​။မသိရင်​ က​လေးအ​ဖေကြီး
သူ့က​လေးကို ​ဆူ​နေသလိုပင်​။

"ဘယ်​ကိုရိုက်​မှာလဲ ကိုကိုက "

"တင်ပါး​ကို တင်ပါး​ကို"

ဆူ​နေရင်းကြားထဲက တဟီးဟီးနဲ့ရယ်​​နေသည်​။
ကျောပြင်​ကို ​ရေနဲ့​လောင်းလိုက်​​တော့ ဝင်းနှစ်ေ​နတဲ့
အသားအရည်​တို့က ဆပ်​ပြာနံ့သင်းသင်းနဲ့ ​ပေါ်လာသည်​။အသဲယားစွာ ဂုတ်​ပိုးကို လက်​နဲ့မနာ
အောင်​ တစ်​ချက်​ရိုက်​လိုက်​သည်​။

"​ကောင်းလင်းသန့်​​ရေ နင်​တို့အ​ဖေလာတယ်​​ဟေး
ပြီးရင်​ နှစ်​​ယောက်​လုံးလာအုံး"

အိမ်​ထဲက လှမ်း​အော်​​ခေါ်တဲ့ ​မေကြီး​ကြောင့်​ ပိုင်​ပိုင်​နဲ့ကိုကို မျက်​လုံးချင်းဆုံပြီး ဘာကိစ္စလဲဆိုတဲ့
သ​ဘော အသံတိတ်​ အကြည့်​နဲ့စကား​ပြောဖြစ်​သည်​။

ရေချိုးပြီး အိမ်​​ပေါ်တက်​လာနဲ့ ​ကောင်းလင်းသန့်
သနပ်​ခါး​သွေးရသည်​။မ​သွေးထားတဲ့​​နေ့က ဝက်​ မလိမ်းတဲ့​နေ့ပဲ။သနပ်​ခါး​တွေ ဖုန်​​နေ​အောင်​လိမ်း
ထားတဲ့ ပိုင်​ပိုင့်​ မျက်​နှာကို နမ်းရတာ ​ကောင်းလင်းသန့်​ တကယ်​ကြိုက်​သည်​။အ​မေဝယ်​ထားတဲ့
ရှင်​မ​တောင်​ သနပ်​ခါးစစ်​စစ်​ကို ပိုင်​ပိုင့်​မျက်​နှာ​ပေါ်
လိမ်းချယ်​ပြီး နှာတံဆွဲ​ပေးပြီးတဲ့ အပြင်​ နဖူးမှာ
တောင်​ ယုန်​ရုပ်​​လေး ဆွဲ​ပေးလိုက်​သည်​။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now