Ep 32

3K 338 16
                                    

Unicode

"ပိုင်ပိုင် ....ဒုန်း...ဒုန်း...သားရေ ထအုန်း"

အပြင်က အခန်းတံခါးကို တဒုန်းဒုန်းထုနေတဲ့အသံတွေက အလည်လွန်နေတဲ့
လိပ်ပြာကို ခန္ဓာကိုယ်သို့ ပြန်ဆွဲယူပေးလိုက်၏။

ဖရိုဖရဲ ဖြစ်နေတဲ့ ညဝတ်အင်္ကျီကို ဆွဲချရင်း နေသားမကျမှုကြောင့် နာကျင်မှုပိုနေတဲ့ ခန္ဓာကိုယ်
အောက်ပိုင်းက လှုပ်ရှားလိုက်တိုင်း  မီးစနဲ့ထိုးသလို
ပူလှသည်။

"ဘာဖြစ်လို့လဲ...မေမေ"

အိပ်ရေးမဝသေးသည့်အတွက် သမ်းဝေးရင်း မေးလိုက်၏။

"မျက်နှာသစ်ပြီး အောက်ဆင်းလာ အရေးကြီးတယ်သား။"

အလျင်စလိုနိုင်လှသည့် အပြုအမူ အပြောအဆိုက
ပိုင်ပိုင့်ကို အနည်းငယ် နဝေတိမ်တောင် ဖြစ်သွားစေသည်။မေမေ မျက်နှာမကောင်းတာ ရိပ်မိ
လိုက်သည့် ပိုင်ပိုင် အံ့ဆွဲထဲက သောက်နေကျ အကိုက်အခဲ ပျောက်ဆေးကို ယူသောက်ပြီး
ရေချိုးခန်း ဝင်လိုက်တော့သည်။

အောက်ထပ် မီးဖိုဆောင်က စကားသံအချို့က ပိုင်ပိုင့်
ကို လာပါလို့ခေါ်ဆောင်နေသည်။

"ဘာဖြစ်လို့လဲ မေမေ။"

အမြဲလိုလို အိမ်မကပ်တတ်သည့် ကိုလတ်ပါ ရှိနေသည်မို့ ပိုင်ပိုင် သိချင်စိတ်ကို လုံးဝထိန်းလို့မရတော့ပေ။

"ညက အိမ်ကို သူခိုးကပ်တယ် ပိုင်ပိုင်"

"သူ...သူခိုး"

ပိုင်ပိုင့်ရဲ့ အထစ်ထစ်အငေါ့ငေါ့ စကားကို အားလုံး
ခေါင်းညိတ်ကာ ဖြေပေးကြ၏။

ညက ကိုကိုနဲ့အချိန်ကုန်ဆုံးသွားသည်ကို သူခိုးက
မြင်ပြီး ဘာမှမခိုးပဲ ပြန်ပြေးသွားတာများလား။
မမြင်မသိလိုက်ရတဲ့ သူခိုးကို ပိုင်ပိုင် အရှက်ကြီး ရှက်သွားရသည်။

"သေ...သေချာလို့လား မေမေရဲ့။"

"လာ သားကို မေမေပြမယ်"

မေမေ ဆွဲခေါ်သွားသည့်နောက်ကို ပိုင်ပိုင် ပါသွားရသည်။ခြံထောင့်က သရက်ပင်ကြီးအောက်တွင် ရပ်ပြီး အပေါ်ကို လက်ညှိုးညွှန်ပြသည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Tempat cerita menjadi hidup. Temukan sekarang