Ep 17

2.5K 266 5
                                    

Unicode

မနက်စောစော မေကြီးနဲ့အတူ မနက်စာစားဖို့ ပိုင်ပိုင် ဝိုင်းကူပေးရသည်။မီးဖိုဆောင်လေး မီးလောင်ပြီးထဲက
မေကြီးက ပိုင်ပိုင်တစ်ယောက်ထဲ လွှတ်မထားတော့ပဲ
သူနဲ့သာအတူ ဝိုင်းကူစေသည်။ငါးရံ့ခြောက်လေးကို
မီးဖုတ်ပြီး ဆီနဲ့ဇိမ်ကာ ထမင်းပူပူလေးနဲ့က လိုက်ဖက်လှသည်။

ဖေကြီးပြန်ရောက်တာနဲ့ မိသားစုလေးယောက် ထမင်း
လက်စုံစားသည်။စားပြီးသား ပန်းကန်းတွေကို
ဆေးကြော‌သူက ပိုင်ပိုင်။

"ပိုင်ပိုင် ကိုကို အပြင်ခဏသွားအုံးမယ်နော်"

"ဟုတ်"

ပန်းကန်ထိုင်ဆေးရာကနေ ပိုင်ပိုင်လှည့်မကြည့်ပဲဖြေလိုက်သည်။
ကြွေပန်းကန်တွေ
မကွဲအောင် ဂရုစိုက်ရသေးသည် ။ကို့ကို့ ပုဆိုးအဟောင်းလေးနဲ့ ဆေးပြီးသား ပန်းကန်တွေကို
ခြောက်အောင်သုတ်ပြီး ကြောင်အိမ်ပေါ် ထပ်တင်သည်။

"ပိုင်ပိုင်ရေ ပြီးရင် ဘုရားပန်းလဲရမယ်နော်
ခြံထဲက ပန်းတွေ နဲ့ သပြေညွှန့်နည်းနည်း ရောထိုး"

ခြံထဲမှာ  သီးပင်၊စားပင်တွေ စုံနေအောင်စိုက်ပျိုးထားသည်။ရွက်လှပန်းပင်၊ခေတ်
စမီးပန်း၊စံပယ်ပန်း၊ဇီဇဝါပန်း၊ဇလပ်ပန်း၊ယုဇန၊
သနပ်ခါးပန်းပင်၊လေးနာရီပန်း၊ပန်းမျိုးစုံအပြင်
မာလကာပင်၊သရက်ပင်၊သဘ်ောပင်၊ငှက်ပျောပင်
ဇီးပင်တို့လည်းရှိသည်။အိမ်ဘေး ပတ်ချာလည်မှာ
ပိတောက်ပင် အပါအဝင်အရိပ်ရ သစ်ပင်ရှိများကြောင့်
ခြံဝင်းတွင်း အစဉ်အမြဲအေးမြနေသည်။

ဘုရားပန်အိုးတော့ ပိုင်ပိုင် ကျွမ်းကျွမ်းကျင်ကျင် လဲတတ်သည်။အထက်တန်းကျောင်းသားဘဝက
အသင်းအလှည့်ကျတိုင်း ဒီပြင့်အလုပ်တွေ မလုပ်ချင်လို့ ဘုရားပန်အိုးလဲတဲ့ တာဝန်ကို သုသု့နဲ့
သူ ယူထားတာ။

"အရီးလေး အရီးလေး"

"ဗျာ"

"မောင်လေး အရီးလေးမရှိဘူးလား"

"မရှိဘူး အစ်မ အပြင်ထွက်သွားတယ်"

သနပ်ခါးပါးပါးလေးလိမ်းထားပြီး တစ်ပတ်နွမ်း အကျီလေးတွေနဲ့ အိမ်ထဲဝင်လာတဲ့ အစ်မနှစ်ယောက်ကို ပိုင်ပိုင်ထွက်တွေ့လိုက်သည်။

ပိုင်တို့ကမ္ဘာ/ပိုင်​တို့ကမ္ဘာ Where stories live. Discover now