part 3

3.2K 147 2
                                    

Unicode & Zawgyi

(Unicode)

"မင်းမင်း မနက်စောစော ဘယ်က ပြန်လာတာလဲ....."

ခွန်းရည်ချို ၏ နူးညံ့ သာယာသော
အသံချိုချိုက အပြင်မှ ပြန်လာသော
တောမင်းတမန် ကို ခရီးဦးကြို
ပြုလိုက်သည်။

"အစ်မ ရည်....အလုပ်သွားတော့မလို့လား...."

"ဟုတ်တယ် ဒါနဲ့ မင်းမင်း က မနက်စောစော ဆို အမြဲ ပျောက်ပျောက်သွားတယ်....
ဘယ်တွေသွားနေတာလဲ....."

"မမ ကလည်း သူ့အကောင်ဆီ သွားတာနေမှာပေါ့.....သူဘာလဲဆိုတာ မမသိရဲ့နဲ့...."

ထို သူသည်ကား မင်းကိုလွင်.....။
တောမင်းတမန်၏ အဖေတူ အမေကွဲ အစ်ကို....။
ခွန်းရည်ချို သည်လည်း ထို့အတူပင်....။

သို့သော်  ထိုသွေးရင်းမောင်နှမနှစ်ယောက်ဖြစ်သည့် ခွန်းရည်ချို နှင့် မင်းကိုလွင် တို့
နှစ်ယောက်တွင် ခွန်းရည်ချို ကသာ
တောမင်းတမန် အပေါ်တွယ်တာ ဂရုစိုက်သည်။

"ကိုလွင်.....တိတ်စမ်း....အရေးမပါတာတွေ ပြောမနေပဲ အလုပ်သွားတော့ ဖေဖေ့ကို စိတ်ညစ်အောင် မလုပ်နဲ့.....သူ့ကို
မစောင့်ရစေနဲ့.... "

"မမ နင်...ကလေအမြဲတမ်း ဒီကောင့်အပေါ် ကာဆီးကာဆီးနဲ့.... နင့်မောင်အရင်း ငါ့အပေါ် ကို နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ကောင်းပေးစမ်းပါ...."

"ကိုလွင်.....နင့်ကို သွားခိုင်းနေတယ်နော်... "

"အင်းပါ..အင်းပါ... သိပြီ....."

မင်းကိုလွင်  အလိုမကျဟန် ဖြင့် ထွက်သွားသည်။

မထွက်သွားခင် တောမင်းတမန်၏  ပုခုံးကို တွန်းတိုက်သွားရင်းရန်စသွားသေးသည်။

တောမင်းတမန် မည်သို့်မှ ပြန်မတုံ့ပြန်သော်လည်း မင်းကိုလွင်ကို စူးရဲစွာ စိုက်ကြည့်နေမိသည်။

မင်းကိုလွင်က ထိုအကြည့်ကို သတိထားမိဟန်ရသည်။

"ဘာလဲ မင်းက မကျေနပ်လို့လား....
မင်းမကျေနပ်လည်း မင်းဘာမှ လုပ်လို့မရဘူး....မင်းက လေ....အဖေ့ရဲ့ မယားငယ်က မွေးလာတဲ့ သားတစ်ယောက် သက်သက်ပဲ...
ငါတို့အဖေအတွက် လူသိမခံ ဝံ့တဲ့
လူတစ်ယောက်သာသာပဲလေ....မင်းက.....
ဟားဟား.........."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now