part 60

1.3K 76 0
                                    

Unicode&Zawgyi

(Unicode)

တောမင်းတမန်  ၏အဖြေကြောင့် စေစားရာ  သဘောတကျ ရယ်မိသည်။

"ကိုကို တကယ်ကို အဖြေကောင်းဖြေတတ်တာပဲ...."

"ကိုကိုက နားထောင်ကောင်းအောင် ဖြေတာ မဟုတ်ဘူး...တကယ်အတည်ပြောတာ....
စေ ဆိုတာကလည်း ကိုကို့အတွက်
ဖြစ်တည်လာသလို ကိုကို ကလည်း စေ  အတွက်ပဲ ဖြစ်တည်လာတာ...."

"ဟုတ်ပါပြီ...ကျွန်တော် ကိုကို့ကို အရှုံး ပေးတယ်..
ဒါပေမယ့် ကျွန်တော် အစ်မ မိုးမခဝေ  အကြောင်း သိရမှ ဖြစ်မယ်....
မဟုတ်ရင် ထွန်းမင်း  နားဒုက္ခပေးတာကို
ခံနိုင်မှာ မဟုတ်တော့ဘူး.... "

"ထွန်းမင်း ..!"

"အင်း.... သူက အစ်မ မိုးမခဝေ ကို  စိတ်ဝင်စားနေတာ... ကိုကို့ကို
မေးပေးခိုင်းနေတာ ကြာပြီ..."

"ဟားဟား...ဟားဟားဟား~~~"

"ကိုကို ဘာရယ်တာလဲ.... ကျွန်တော် ပြောတာ ရယ်စရာ ပါလို့လား..."

"မဟုတ်ပါဘူး ထွန်းမင်း က မိုး ကို ကြိုက်တယ်...ဟုတ်ကော ဟုတ်လို့လား စေ  ရယ်..."

"မဟုတ်ဘူး... ထွန်းမင်း က အစ်မ မိုးမခဝေ ကို  မကြိုက်ဘူး... ကျွန်တော်က ကြိုက်နေတာ...."

စေစားရာ  တမင် ရွဲ့ဖြေလိုက်သည်။

"မိုး  ကို စေ  မကြိုက်ရပါဘူး....
စေ မှာ ကိုကိုတစ်ယောက်တည်းကိုပဲ
ချစ်ခွင့်ရှိသလို ကြိုက်ခွင့်လည်းရှိတယ်....
ဒီတော့ မိုး ကို ထွန်းမင်း  လက်ထဲပဲ
အပ်လိုက်မှာပေါ့...."

စေစားရာ  မှာ ဒီလို သူငယ်ချင်း မျိုးကိုရတဲ့ မိုးမခဝေ ကိုသာ ပိုပို  သနားလာမိသည်။

"ဒီလိုလုပ်လိုက်လေ....ကိုကို့ဆီက မေးမှာထက်စာရင်....ထွန်းမင်း ကို မိုး  ဖုန်းနံပါတ် ပြောပြလိုက်ပါလား....သူကိုယ်တိုင် မေးပါစေ...."

"ကျွန်တော့်မှာ အစ်မ မိုးမခဝေ ဖုန်းနံပါတ် မှ
မရှိတာ... "

"ကိုကို ပြောပြမယ်လေ...."

တောမင်းတမန်  အစက မိုးမခဝေ  တောင်းဆိုထားသည့်ကိစ္စအတွက် လူရှာရန် ခက်ခဲနေခဲ့သေးသည်။
အခုတော့ အထူးတလည် ရှာရန်မလိုတော့ချေ...။
ရေကန်အသင့် ကြာအသင့် ဖြစ်လို့နေသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now