part 10

2K 93 5
                                    

Unicode & Zawgyi

(Unicode)

"ရဲမှူး... အဲ့တာ ဘာပြောတာလဲ တရားခံက ဝန်ခံလိုက်ပြီတဲ့လား...."

မြတ်မင်း တစ်ညအတွင်း ပြောင်းလဲ သွားသည်တို့ကို နားမလည်....။

"အင်း အဲ့လိုပဲ မှတ်လိုက်...."

"ရဲမှူး ဒီကိစ္စက မရိုးရှင်းဘူး...ကျွန်တော် စုံစမ်းပြီးပြီ...ဒီကားကို မနေ့က မတိုင်ခင်အထိ  ပိုင်ဆိုင်သူက အခြားတစ်ယောက်ပဲ...."

"ဒုရဲအုပ် မြတ်မင်း ငါ့ကို ပြောရခက်အောင်
မလုပ်စမ်းနဲ့... မင်း ဝတ်စုံ မချွတ်ချင်သေးဘူးဆိုရင် ဒီဟာကို အစမဖော်နဲ့တော့...."

"ရဲမှူး ခင်ဗျား...."

မြတ်မင်း ဘာမှ မတတ်နိုင်ပေ....။
သူ ရဲဝတ်စုံ ချွတ်လို့မဖြစ်သေး...။
သူ့မှာ ကျွေးမွေးရမည့် မိသားစုရှိသေးသည်။

စေစားရာ တစ်ညလုံး အိပ်မပျော်ခဲ့သလို မနက်ရောက်သော်လည်း လူက အသိစိတ်ပျောက်နေသည့်အလား....။

"ဒေါက်...ဒေါက်...."

စေစားရာ တံခါး သွားဖွင့်ပေးလိုက်သည်။

"စေစား မင်း အဆင်ပြေလား နေလို့ ကောင်းသွားပြီလား...."

"အင်း...."

"တော်သေးတာပေါ့ မနေ့က ငါ စိတ်ပူနေခဲ့တာ... "

"ဆေးရုံသွားဖို့ လာခေါ်တာလား ခဏစောင့်ပေးပါလား...."

"စေစား တရားခံကို ဖမ်းမိပြီလို့ ဖုန်းဆက်လာတယ်...."

"သြော်...."

ထွန်းမင်းအောင်..စေစားရာ  ၏ တုံ့ပြန်မှုကို သိပ်သဘောမကျချင်....။
တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။

စေစားရာ အစစ်က ထိုသို့ တည်ငြိမ်နေနိုင်မည်မဟုတ်....။
မိမိ ဖခင်ကို ကားနဲ့တိုက်ခဲ့သည့် တရားခံကို မိခဲ့တာလေ....။

"စေစား ညက ဘာဖြစ်ခဲ့တာလဲ တစ်ခုခု ဖြစ်ခဲ့တာလား...သေချာတယ် မင်း တစ်ခုခု ဖြစ်ခဲ့တယ်... "

"သူ့ကို တရားဥပဒေ အတိုင်း ဆက်လုပ်လိုက်ပေါ့..."

ထွန်းမင်းအောင် သိလိုက်သည်။
စေစားရာ သူ၏ မေးခွန်းကို မဖြေချင်လို့ တမင် ရှောင်ဖယ်သွားသည်ကို....။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now