part 34

1.4K 81 0
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန် ဝယ်ထားသည့် ပစ္စည်း များကို ကောင်တာမှာ အမြန်ငွေရှင်းပြီး စေစားရာ  နောက် လိုက်သွားရသည်။

တော်သေးသည်က စေစားရာ မှာ အခြားကို ထွက်မသွားဘဲ ကားနားတွင်ရပ်စောင့်နေသည်။

"စေ ကလည်းကွာ....
ဘာလို့ အလောသုံးဆယ် ထွက်သွားရတာလဲ....ကိုကို ဝယ်စရာတွေအကုန်မပြီးသေးဘူး...."

တောမင်းတမန် ပစ္စည်းတွေကို ကားထဲ
ထည့်နေရင်းမှ ပြောလိုက်သည်။

"ခင်ဗျား ဝယ်လာတဲ့ဟာတွေနဲ့တင် တစ်ပတ်လောက် ထိုင်စားလို့ရနေပြီ...."

စေစားရာ မျက်စောင်းခဲလျှက်ဆိုလာသည်။

"အခုနောက်ပိုင်း စေ က အရမ်းစိတ်ဆိုး ဒေါသထွက်လာတယ်....
အရင်တုန်းက ကိုကို့ရဲ့ကလေးလေးက အရမ်းလိမ္မာတာပဲ.... "

တောမင်းတမန်၏ သူတစ်ကိုယ် ကြားရုံလောက်သာ ရေရွတ်ပြောဆိုနေသော အသံကို စေစားရာ ကြားသော်လည်း မသိချင်ယောင် သာ ဆောင်နေလိုက်သည်။

စေစားရာ အခုနောက်ပိုင်း တောမင်းတမန်ရဲ့ ပွစိပွစိ ပြောတတ်သည့်ပုံစံကိုပင် ပို၍ သဘောကျလာသည်။

စေစားရာ နဲ့ တောမင်းတမန် တို့ အိမ်ပြန်ရောက်လာချိန်မှာတော့ သူတို့၏ အိမ်မှာ တစ်စုံတစ်ယောက်၏ဝင်ရောက်ဖောက်ထွင်းခြင်းခံထားရသည်။

အိမ်ထဲရှိ ပစ္စည်း အားလုံး မှာ ဖရိုဖရဲနှင့်
ပြန့်ကြဲနေသည်။

"ဒါ ဘာတွေဖြစ်သွားတာလဲ...."

စေစားရာ တွေးလိုက်မိသည်။

တောမင်းတမန် စိတ်ထဲမသိုးမသန့်
ခံစားနေရသည်။

တစ်ခုခု လွဲမှားနေသယောင်...။

အမှောင်ထဲရှိ အရိပ်တစ်ခုကတော့
သူတို့နှစ်ယောက် ၏ လှုပ်ရှားမှုကို
ကြည့်နေသည်။

စေစားရာ အမှာင်ရိပ်ထဲရှိ လူကို သတိထားမိ၍ ထိုလူရှိရာသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

သို့သော် တစ်ဖက်လူမှာ စေစားရာ ထက် အတိုက်အခိုက်ကျွမ်းကျင်သည့်အတွက်
စေစားရာ ၏ တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now