part 37

1.3K 75 0
                                    

Unicode & Zawgyi

(Unicode)

T&T(Target & Technology)  ကော်ပိုရေးရှင်းရဲ့ အပေါ်ဆုံးထပ်ရုံးခန်းထဲတွင်...

"ဥက္ကဋ္ဌ ...."

ဝင်လာသူကား မာန်ဝင့်ချီ ရဲ့လက်ထောက် ညီဆတ်နိုင် ဖြစ်သည်။

မာန်ဝင့်ချီ က ညီဆတ်နိုင်ကို စေစားရာ နဲ့ပတ်သက်သည်တို့အား စုံစမ်းထားခိုင်းခဲ့သည်။

ယခု ညီဆတ်နိုင်မှာ သူစုံစမ်းရရှိသည့် အချက်အလက်တို့ကို မာန်ဝင့်ချီ ထံ တင်ပြရန် ရောက်လာခြင်း ဖြစ်သည်။

"အင်း သိရပြီလား..."

"ဟုတ်ကဲ့.. သိရပါပြီ... "

ညီဆတ်နိုင် သူ့လက်ထဲက ဖိုင်ထပ်အချို့ကို မာန်ဝင့်ချီထံ လွှဲပြောင်းပေးလိုက်သည်။

မာန်ဝင့်ချီ ဖိုင်တွဲကို ဖတ်နေရင်း အနည်းငယ် ခပ်ဟဟ ရယ်လိုက်မိသည်။

"နောက်ဆုံးတော့ ရှာတွေ့ပြီ.... "

မာန်ဝင့်ချီ  သူ့ဘာသာ တီးတိုးရေရွတ်မိသည်။

ခွန်းရည်ချို ဥက္ကဋ္ဌ လက်မှတ်ထိုးပေးရမည့် အစီရင်ခံစာ တစ်ခုရှိနေသည့်အတွက်
ဦးကျော်မောင် ၏ ရုံးခန်းသို့ ရောက်လာသည်။

ခွန်းရည်ချို မှာ ရုံးခန်းအတွင်းသို့ပင် ခြေမချရသေး။
အထဲက ရယ်မောသံတို့ကြောင့် ရပ်တန့်သွားသည်။

"ဒင်းက အဖေ့ကို အပိုင်ယူနေတာပဲ.....ငါ့ရှေ့မှာ သာ မခုတ်တတ်တဲ့ ကြောင်လေး နောက်ကွယ်မှာ ကျားတစ်ကောင် ဖြစ်နေတာကိုး...."

ခွန်းရည်ချို  အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
သူ့စိတ်ကို ခဏကြာ တည်ငြိမ်အောင် လုပ်ပြီးသည့်အခါမှသာ ရုံးခန်းထဲ ဝင်လိုက်သည်။

"အဖေ...မင်းမင်း.... "

"အစ်မရည်.... "

ခွန်းရည်ချို  တောမင်းတမန် ကို ခေါင်းသာ ငြိမ့်ပြလိုက်ပြီး ဦးကျော်မောင် ကို သာ အာရုံစိုက်လိုက်သည်။

"အဖေ ဒါက စီမံကိန်း အသစ်ပါ လက်မှတ်ထိုးပေးဖို့ လိုလို့ပါ....."

"အင်း...."

ဦးကျော်မောင်  ပြန်ဖြေပြီး စီမံကိန်း စာရွက် ကို လက်မှတ်ထိုးပေးလိုက်သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now