part 66

1.1K 63 0
                                    

Unicode&Zawgyi

(Unicode)

စေစားရာ  ခွန်းရည်ချို  နောက်ကနေ တိတ်တဆိတ်သာ လိုက်သွားမိသည်။

ခွန်းရည်ချို  သည်ကား  Cloud  ရဲ့ ပွဲကို တမင် ရည်ရွယ်ချက်ရှိရှိ လာလိုခဲ့ခြင်းသာ။

ခွန်းရည်ချို  ဝိတ်တာ တစ်ယောက်နဲ့ ရပ်၍ စကားပြောနေသည့်အတွက် စေစားရာ  ထောင့်အကွယ်ကနေ စောင့်ကြည့်နေလိုက်သည်။

စေစားရာ  ထောင့်အကွယ်ကနေသာ
ခွန်းရည်ချို  ကို ကြည့်နေရသည့်အတွက် လှုပ်ရှားမှု အားလုံးကို မြင်တွေ့ရသော်လည်း ပြောနေသည့် စကားတို့ကို မကြားရပေ။

စကားသံ ကြားရအောင် ဆိုပြီး စေစားရာ  အနေနှင့်အနားတိုးသွားရအောင်လည်း
မဖြစ်ပေ။

ခွန်းရည်ချို က စကားအနည်းငယ် ပြောပြီးသည်နှင့် ဝိတ်တာလေးရဲ့ လက်ထဲသို့
အဖြူ ရောင် စက္ကူ ခေါက်လေးတစ်ခု ပေးလိုက်သည်။

ထိုဝိတ်တာလေးက တစ်ခုခု ထုပ်ပိုးထားဟန်ရသည့် စက္ကူ ခေါက်လေးကိုယူပြီးသည်နှင့် နေရာက ထွက်သွားသည်။

ခွန်းရည်ချို  သည်ကား ကျေနပ်စွာနဲ့ပင်
စေစားရာ  ရှိနေသည့်ဘက်သို့ ပြန်လျှောက်လာရင်း နှုတ်ကလည်း စကားလုံးအချို့ကို ရေရွတ်ပြောဆိုလိုက်သည်။

"တောမင်းတမန်  မနက်ဖြန်ဆိုရင် သတင်းစာတိုက် အားလုံးရဲ့ သတင်းခေါင်းစီးပိုင်းက
နင့်အကြောင်းတွေချည်း ဖြစ်လာတော့မှာ...ဟင်းဟင်း....!"

စေစားရာ  ခွန်းရည်ချို  သူ့ကို မတွေ့ခင်
အမြန် ပုန်းလိုက်ရသော်လည်း ခွန်းရည်ချို  ၏ နှုတ်က ထွက်လာသည့် စကားကိုတော့ အသေအချာ ကြားလိုက်ရသည်။

"ဘာလို့ မနက်ဖြန် သတင်းခေါင်းစီးပိုင်းက ကိုကို့ အကြောင်း ဖြစ်ရမှာလဲ.... ဘာလို့လဲ....ခွန်းရည်ချို  ကိုကို့ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ...."

စေစားရာ  ထိုအတွေးကို တွေးမိသော်လည်း အကြောင်းအရင်းရှာမရပေ.... ။

နောက်ဆုံး စေစားရာ ..တောမင်းတမန်  ကိုသာ သွားရှာရန် ဆုံးဖြတ် လိုက်သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now