part 39

1.3K 71 0
                                    

Unicode & Zawgyi

(Unicode)

"ခင်ဗျားရဲ့ အကူအညီကို ကျွန်တော့်ချစ်သူက မလိုအပ်ဘူး...."

ထိုအသံကြောင့် စေစားရာ နောက်ကို လှည့်ကြည့်လိုက်မိသည်။

မာန်ဝင့်ချီ ကတော့ တောမင်းတမန်  နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေသည်မို့ အကြည့်ကိုသာ  တောမင်းတမန် ဆီ ဦးတည်လိုက်သည်။

"စေ ကို ကိုကို လာကြိုတာ...."

တောမင်းတမန် စေစားရာ ကို အပြုံးမပျက် ပြောနေသော်ငြား မာန်ဝင့်ချီ အပေါ် ပေးပို့ထားသည့် မကြည်သည့် အကြည့်တို့ကတော့ မရပ်တန့်ပေ။

မာန်ဝင့်ချီ  စကားဆိုခြင်းမရှိပဲ
တောမင်းတမန်  ကိုသာကြည့်နေသည်။

သူ၏ အကြည့်တို့တွင် ရန်လိုခြင်း မရှိသလို ချစ်ခင်ခြင်းလည်းမရှိပေ။
အခြားသူ တစ်ယောက် ခန့်မှန်းမရအောင် မျက်ဝန်းတို့ကနက်ရှိုင်းနေသည်။

မာန်ဝင့်ချီ  တောမင်းတမန် ကို စိုက်ကြည့်နေရင်းမှ ခန့်မှန်းရခက်သည့် အပြုံးတို့ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

တောမင်းတမန် မာန်ဝင့်ချီ ရဲ့ မျက်ဝန်းတို့ကို စိုက်ကြည့်လေလေ သူ၏ စိတ်ထဲမှ  ထိုလူနှင့်ပတ်သက်၍ မကောင်းဘူးဟု ခံစားရလေ ဖြစ်သည်။

ထိုသူကို  ကြည့်မိတိုင်း တောမင်းတမန် မှာ တစ်စုံတစ်ရာကို ဆုံးရှုံးတော့မည်ဟု ခံစားရလေဖြစ်သည်။

တောမင်းတမန် မာန်ဝင့်ချီ ကို လျစ်လျူ ရှုလိုက်ပြီး...

"စေ ပြန်ရအောင်... "

စေစားရာ လည်း ခေါင်းညိမ့်လျှက် ပြန်ဖြေလိုက်သည်။

"နေပါဦး စေစား... ကိုယ့်ကို မိတ်ဆက်မပေးတော့ဘူးလား...."

ထွက်သွားတော့မည် ပြင်နေသည့်နှစ်ယောက်ကို မာန်ဝင့်ချီ  တားဆီးလိုက်သည်။

"အကိုမာန် ဒါက...."

စေစားရာ မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း တောမင်းတမန် ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"စိတ်မရှိပါနဲ့ ခင်ဗျားနဲ့ သိကျွမ်းဖို့ စိတ်ကူး နည်းနည်းလေးတောင် မရှိတာမို့ မိတ်ဆက်စရာမလိုဘူး...ပြီးတော့ ကျွန်တော့်ချစ်သူအနား အလေအလွင့် ငကြောင်တွေ ကပ်တာ မကြိုက်ဘူး....ဒါကြောင့် နောက်တစ်ခါ စေ အနားမှာ ခင်ဗျားကို မမြင်ရပါစေနဲ့..."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now