part 4

2.6K 133 1
                                    

Unicode & Zawgyi

(Unicode)

မင်းကိုလွင်.... တောမင်းတမန် ကို မထိတထိ ပြောဆိုခဲ့ရသည့်အတွက် အလွန်ကျေနပ် ပြုံးပျော်နေသည်။

ကားကို အရှိန်ပြင်းစွာ မောင်းနှင်ရင်း
တစ်လမ်းလုံးကို သူပိုင်သည့်အလား ပြုမူနေသည်။

လူကူးမျဉ်းကျားရောက်သော်လည်း အရှိန်
မသတ်ပေ....။

ထိုအခြေအနေက အရာအားလုံး၏ မှားယွင်းမှုအစကို ဖြစ်တည်လာစေသည်။

မီးနီကို ဖြတ်မောင်းလိုက်သည့်အတွက်
လူတစ်ယောက် ကို တိုက်မိသွားသည်။

အရှိန်ပြင်းထန်လွန်းသည့်အတွက် ထိုလူမှာ  တိုက်မိသည့် အရှိန်ကြောင့် တော်တော်ဝေးဝေးသို့ လွှင့်စင်ထွက်သွားသည်။

သို့သော် မင်းကိုလွင်မှာမူ နည်းနည်းလေးတောင်လှည့်မကြည့်....။

လူကို တိုက်မိလိုက်သည်မှန်း သိသည်နှင့် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

ထိခိုက်မိခဲ့သည့် ထိုလူကိုတော့ ပတ်ဝန်းကျင်မှ လူအများကသာ ဆေးရုံသို့ ပို့ပေးခဲ့ရသည်။

"🎶🎶🎶....."

စေစားရာ စာသင်နေရင်း ဖုန်းဝင်လာသောကြောင့် အလျင်အမြန် ကိုင်လိုက်သည်။

"ဟုတ်ကဲ့.... အခု ဖုန်းပိုင်ရှင်ရဲ့ သားဖြစ်သူလားရှင့်..."

"ဟုတ်ပါတယ် ဘယ်သူလည်း မသိဘူးခင်ဗျ..."

"ဟုတ်ကဲ့ ကျွန်မက ပြည်သူ့ ဆေးရုံ ကြီး ကပါ.... အခုဖုန်းပိုင်ရှင်က အရေးပေါ် လူနာအဖြစ် ရောက်နေပါတယ်....ခွဲခန်းဝင်ဖို့အတွက် လူနာရှင် လက်မှတ် လိုအပ်လို့ပါရှင့်....."

"ခွဲခန်း ဘာဖြစ်လို့ ရောက်ရမှာလဲ....မနက်က အိမ်ကထွက်လာတော့တောင် ကျွန်တော့်အဖေက အကောင်းအတိုင်းကြီးလေ....
ဘာလို့....."

"ရှင်အမြန် လာခဲ့ပေးနိုင်မလား...လူနာက
လုံးဝကို အသက်အန္တရာယ် နီးကပ်နေလို့ပါ...."

"ကျွန်တော် လာခဲ့မယ်... အခု ချက်ချင်း လာခဲ့မယ် ......."

စေစားရာ ဖုန်းချပြီးသည်နှင့် အတန်းဝင်နေသည့် ဆရာကိုတောင် အာရုံမစိုက်အားတော့ဘဲ အလျင်အမြန် ပြေးထွက်သွားသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now