part 59

1K 70 0
                                    

Unicode&Zawgyi

(Unicode)

တောမင်းတမန်  ၏ သူ့သူငယ်ချင်းအပေါ် အကောင်းမြင်မှုကို ကြည့်၍ စေစားရာ မှာ မိုးမခဝေ  ကို တကယ် သနားသွားသည်။

"အစ်မ မိုးမခဝေ  ဒီလောက် ဖော်ရွေတဲ့ဟာ... ကိုကိုပြောသလို ဆိုးမယ် မထင်ပါဘူး...."

"မိုး က  ဖော်ရွေတယ်လား....
မှန်တော့မှန်ပါတယ်...
သူကဖော်ရွေတယ်... ခင်မင်မှုကို အလေးထားတယ်...
မိုး က တကယ့်ကို ကောင်းတဲ့ မိန်းကလေးသူငယ်ချင်းကောင်း....
ဒါပေမယ့် တစ်ခါတစ်လေ မိန်းကလေး
မဆန်တာလေးက လွဲရင်ပေါ့....
သူ့ကို သူ့မိဘတွေက ဆုတောင်းမှားပြီး
ကျားနဲ့မ မှားမွေးမိတာလား မသိဘူး..."

"အစ်မမိုးမခဝေ သာ  ကိုကို့စကားတွေကြားရင် သူတော်တော် နာကျင်နေမှာ...."

စေစားရာ  ပြုံးစစနဲ့သာ ပြောနေသည်။

"ဒါနဲ့ နေပါဦး...
စေ  က မိုး  ဖော်ရွေပျူ ငှါမှန်း
ဘယ်လိုသိတာလဲ.... "

တောမင်းတမန်  မျက်ခုံးနှစ်ဖက်တို့က ထိစပ်လုနီးပါးဖြစ်လောက်အောင် တွန့်ချိုးထားလေသည်။

သူငယ်ချင်းက သူငယ်ချင်း.... ချစ်သူက ချစ်သူပင်....။
မည်သို့ပင် ရင်းနှီးသည့် သူငယ်ချင်း ဖြစ်စေကာမူ မိမိချစ်သူနဲ့ နှီးနှီးစပ်စပ်နေသည်ကို
မလိုလားပေ.....။

"အရင်တစ်ခါ မြရတနာ ကုမ္ပဏီ နှစ်ပတ်လည် ပွဲမှာတွေ့ဖူးတယ်လေ..."

"တစ်ခါ လေးတွေ့ဖူးတာနဲ့ မိုး ဘက်က
လိုက်ပြောပေးနေတယ်...."

တောမင်းတမန်  မကျေမနပ်နဲ့ ရေရွတ်နေလေသည်။

"တစ်ခါတည်း မဟုတ်ဘူး...အစ်မ မိုးမခဝေ က  coffee barကိုလည်း လာတွေ့သေးတယ်...သူနဲ့ စကားသေချာပြောဖူးတော့
သူ့စိတ်ကို နားလည်သွားတာ...."

"မိုးက  ဘယ်တုန်းက လာတွေ့သွားတာလဲ...."

"ကိုကို့ကို ကျွန်တော် အထင်လွဲနေတုန်းက.... ကျွန်တော်သိထားတာတွေ အကုန်မှားနေတယ်ဆိုပြီး ကျွန်တော့်ကို လာရှင်းပြတာ....
ကိုကို့ကို ကျွန်တော် ခွင့်လွှတ်ပေးတာ
အစ်မမိုးမခဝေ  ကြောင့်လည်း ပါတယ်နော်...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now