part 73

1.6K 62 0
                                    

Unicode&Zawgyi

(Unicode)

အခြားတစ်ဖက်၌ ....

ထွန်းမင်းအောင်  သည်လည်း
တောမင်းတမန်  ကို လိုက်ရှာနေခဲ့သည်။

ထွန်းမင်းအောင်  ပွဲ ကျင်းပရာ ခန်းမအတွင်းမှာ ရှာမတွေ့သည့်အတွက် အခြားတစ်နေရာသို့ သွားရှာရန် ပြင်လိုက်သည်။

ထွန်းမင်း... ကုမ္ပဏီ lobby သို့ ရောက်ချိန်တွင် မိမိရှေ့မှ ရေးကြီးသုတ်ပြာနဲ့ ထွက်သွားသော မာန်ဝင့်ချီ  ကို တွေ့လိုက်ရသည်။

မာန်ဝင့်ချီ  သည်ကား ထွန်းမင်းအောင် ကို  မြင်ပုံ မရသလို ပတ်ဝန်းကျင် ကိုလည်း ဂရု ပြုမိဟန်မရပေ....။

"အစ်ကိုမာန် လား...?...သူက ရေးကြီးသုတ်ပြာနဲ့ ဘယ်ကို သွားတာပါလိမ့်...."

ထွန်းမင်းအောင်  ထိုအတွေးကို တွေးမိသော်လည်း လျစ်လျူ သာ ရှုလိုက်သည်။

အခုချိန်မှာ အရေးကြီးဆုံးက တောမင်းတမန်  သည်သာ ဖြစ်သည်။
ထို့အတွက်ကြောင့် ထွန်းမင်းအောင် မှာ
မာန်ဝင့်ချီ ကို ဂရုမပြုတော့ဘဲ ထွက်သွားရန် ပြင်လိုက်သော်လည်း
သူကြားလိုက်ရသည့် နာမည်တစ်လုံးကြောင့် ရပ်တန့်သွားသည်။

ထွန်းမင်းအောင်  မသိမသာနဲ့ပဲ မာန်ဝင့်ချီ  နောက်ကနေလိုက်သွားလိုက်သည်။

စေစားရာ  မှာ တောမင်းတမန်  ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသည့်အတွက် ပို၍ စိတ်ပူလာရသည်။

"စေစား ... ဖုန်းဆက်မရဘူးလား...."

"အင်း... ကိုကို ဖုန်းမကိုင်ဘူး...."

စေစားရာ မိုးမခဝေ  ကို စိတ်ရှုပ်ထွေးစွာ နဲ့ ပဲ ပြန်ဖြေလိုက်သည်။

"🎶🎶🎶...."

"ကိုကို....ကိုကိုလား....ကိုကို အခုဘယ်မှာလဲ ကျွန်တော် လာခဲ့မယ်...."

"စေစား  ငါ...ထွန်းမင်း ...မင်းကိုကို ကို
ရှာတွေ့ပြီ...."

စေစားရာ ... တောမင်းတမန်  အမှတ်နဲ့ ဝမ်းသာအားရ ဆိုလိုက်သော်လည်း တစ်ဖက်က ဖုန်းခေါ်သူမှာ တောမင်းတမန်  ဟုတ်၍ မနေ...။

သို့သော် တောမင်းတမန်  မဟုတ်သော်လည်း တောမင်းတမန်  ရှိနေသည့် နေရာကို ရှာတွေ့ပြီဆိုလို့ တော်သေးသည်ဟု စေစားရာ  တွေးမိသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now