part 61

1.1K 73 0
                                    

Unicode&Zawgyi

(Unicode)

မာန်ဝင့်ချီ ၏ ငါ့အပိုင်ဆိုသည့် စကားကြောင့်
ကြာဖူးဝသုန် မသိမသာ မျက်မှောင်ကျုံ့သွားသည်။

ဘယ်လိုပင် သူငယ်ချင်းဆိုဆို ဒီအတွေးကတော့ သိပ်မဟုတ်သေးဟု ထင်မိသည်။

"မာန် ဒါတော့ သိပ်မဟုတ်သေးဘူးနော်....
နင့် ယူဆချက်ကြီးက အရမ်းကို တစ်ဖက်စွန်းရောက်နေတယ်... ပြီးတော့ ဟိုက သူ့အသိုက်အမြုံနဲ့သူ ပျော်ရွှင်နေပြီပဲ.....နင် ကစားချင်ရင် အခြားတစ်ယောက် ကို ပြောင်းသင့်တယ်...."

ကြာဖူးဝသုန်  တားလို့ မရမှန်း သိသော်လည်း မျှော်လင့်ချက်အနည်းငယ်ဖြင့် တားကြည့်မိသည်။

"ငါ အပျော် ကစားနေတယ်လို့ မင်းဘာကြောင့်ထင်ရတာလဲ.."

ဒီအဖြေစကားကြောင့် ကြာဖူးဝသုန်
နှုတ်အ သွားချေသည်။

ကြာဖူးဝသုန် ပြောမနိုင်တော့မှန်း သိသည်မို့
သူ့အကြည့်တွေကို အပြင်က မှောင်ရီ ပျိုးစ နေရောင်ဆီသို့သာ လွှဲလိုက်တော့သည်။

နောက်တစ်နေ့....

ဒေါ်ကြည်မေ သည်ကား ယခု မင်းကိုလွင် နဲ့ ထောင်ဝင်စာ တွေ့ရန် စောင့်ဆိုင်းနေသည်။

မင်းကိုလွင်  မှာ မျက်နှာ မှုန်မှိုင်းစွာနဲ့
ဒေါ်ကြည်မေ ၏ မျက်နှာချင်းဆိုင်
တွင်ထိုင်လိုက်သည်။

ဒေါ်ကြည်မေ မှာ  သူ့သား မျက်နှာက ယောင်ယမ်းနေမှုတို့ကို ကြည့်ပြီး ဝမ်းနည်းလာမိသည်။

ဒေါ်ကြည်မေ  အနေနှင့် သူ့သား ကို ထွေးပွေ့ထားချင်သော်လည်း မရပေ။

ယခုချိန်တွင် သားဖြစ်သူ၏ မျက်နှာလေးသာ ကြည့်ခွင့်ရသည်။

"ကိုလွင်  သားလေး...."

"မေမေ.....ဘယ်အချိန်မှ ကျွန်တော့်ကို ဒီထဲက ထုတ်ပေးမှာလဲ....ကျွန်တော်မနေနိုင်တော့ဘူး.....
ဒီမှာတွေ့လား....ကျွန်တော့်မျက်နှာကို ဒီထက် နည်းနည်းလေး သာ ထပ်ကြာရင် ကျွန်တော့်အလောင်းကိုပဲ တွေ့ရတော့မှာ....."

မင်းကိုလွင် သူ့မျက်နှာကို လက်ညှိုး နဲ့ထိုးပြရင်း ဒေါ်ကြည်မေ  ကို မကျေမနပ်နဲ့ပြောနေသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now