part 38

1.3K 76 0
                                    

Unicode & Zawgyi

(Unicode)

Lovely coffee  bar အတွင်း၌....

စေစားရာ နဲ့ ထွန်းမင်းအောင်  တို့
ရယ်မောလျှက် စကားပြောနေကြသည်။

"စေစား....မင်း ဒီလို မရယ်တာတောင် အတော်ကြာပြီပဲ...."

"အင်း....စိတ်ထဲ လေးလံနေတာတွေ
လျှော့ချပြီး
ငါ  ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ ရွေးချယ်လိုက်လို့လေ...."

စေစားရာ ထိုစကားကို ဆိုနေစဉ်အတွင်း မျက်နှာမှာ ကြည်လင်ဝင်းပနေသည်။

"တကယ်ကောင်းတယ့်ဆုံးဖြတ်ချက်ပဲ....
ဒါနဲ့လေ....
အစ်ကို တောမင်း  ဆီက တစ်ခုလောက်
မေးပေးပါလား..."

"ဘာမေးပေးရမှာလဲ...."

"သူနဲ့ ဟိုတစ်ခါက အတူတူ ပွဲတက်တဲ့ အမျိုးသမီးရဲ့ အကြောင်း..."

"အဲ့အမျိုးသမီးအကြောင်းသိချင်ရင် မင်းတစ်ခြားနည်းနဲ့ စုံစမ်းလို့ရတာပဲ....ငါ့ကို အကူအညီ တောင်းစရာ မလိုဘူးလေ
ထွန်းမင်း ..."

"စုံစမ်းလို့ရပါတယ်...ဒါပေမယ့် အဲ့ဒါ အကြမ်းဖျင်းပဲ စုံစမ်းလို့ရတယ်.....အသေးစိတ် အချက်အလက်တွေကျတော့ မသိရဘူး....စေစား မင်းပြောဖူးတယ်မလား....သူက အစ်ကို တောမင်း  ရဲ့ သူငယ်ချင်းလို့...ဒါဆို မင်းငါ့ကို ကူညီနိုင်ပါတယ်ကွာ...ကူညီပါကွာ....ငါ့ရဲ့ ချစ်ဆုံး သူငယ်ချင်း လေးကလည်း...နော်လေ..
နော်လို့...."

ထွန်းမင်းအောင်  တကယ့်ကို မျက်နှာငယ်လေးနှင့်တောင်းဆို နေသည်။

ထွန်းမင်းအောင် ရဲ့ အဆုံးသတ် စကားသံကြောင့် စေစားရာ ကြ က်သီးပင် ထလာသလို ခံစားလိုက်ရသည်။

"ထွန်းမင်း အဲ့လိုကြီး မပြောစမ်းပါနဲ့...
ငါ ကြ က်သီးထလို့...ဒါနဲ့ မင်း အဲ့အမျိုးသမီးကို တကယ်ကြီး ကြိုက်နေတာလား...."

စေစားရာ  ထွန်းမင်းအောင်ရဲ့  ဤကဲ့သို့ ထူးခြားသည့် သွင်ပြင်ကို မမြင်ဖူးသဖြင့် အထူးအဆန်း မေးလိုက်မိသည်။

"အစ်ကို့ ရဲ့ ညီလေးက  ဘယ်သူ့ကို နှစ်သက်နေတာလဲ...."

ထိုအသံကြောင့် စေစားရာ ရော
ထွန်းမင်းအောင် ပါ နောက်ကို ပြိုင်တူ
လှည့်ကြည့်မိကြသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now