part 40

1.5K 88 6
                                    

Unicode&Zawgyi

(Unicode)

အိမ်ရောက်သည်အထိ စကားတစ်ခွန်း
မပြောသော စေစားရာ  ကြောင့်
တောမင်းတမန်  စိတ်အတော်လေနေသည်။

"စေ ...စေ ....စေလို့.."

"ဟင်....ဘာလဲ...."

စေစားရာ  အိမ်တံခါး သော့ဖွင့်နေရင်းကနေ ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်တော့ဘူး..."

တောမင်းတမန် ... စေစားရာ ကို မာန်ဝင့်ချီ  နှင့် ပတ်သက်မှုအား မေးမြန်းလိုသော်လည်း
အခုမှ ပြန်လည် တည်ဆောက်ထားသည့် အိမ်ကလေးပြိုလဲသွားမည် စိုးသဖြင့် မမေးတော့ပေ...။

စေစားရာ  အိမ်ထဲဝင်လိုက်ပြီး မီးခလုတ်ကို ဖွင့်လိုက်သည်။

မီးဖွင့်ပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စေစားရာ ...တောမင်းတမန်  ကို မေးခွန်းပေါင်းများစွာ ပါဝင်သည့်
အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

တောမင်းတမန် လည်း စေစားရာ ၏ အကြည့်ကြောင့် မှားယွင်းနေသည့် အချက်ကို ရှာဖွေရန် အိမ်ထဲသို့ အကြည့်ပို့လိုက်မိသည်။

အိမ်ထဲတွင် ပစ္စည်း တွေက ရှုပ်ပွနေပြီး တစ်စုံတစ်ယောက်၏ ရှာဖွေခြင်းကို ခံထားရပုံပေါ်သည်။

အိမ်ထဲရှိ ပစ္စည်း အားလုံး ပျောက်ရှ ခြင်းမရှိဘဲ လေမုန်တိုင်းဝင်သွားသကဲ့သို့ ရှုပ်ပွမှုသာ ရှိနေသည်။

"ကျွန်တော့်ကို လက်ရှိ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းမပြချင်ဘူးလား...."

စေစားရာ မျက်ဝန်းတို့က အေးစက်မှု အပြည့်ဖြင့် တောမင်းတမန် ကို ကြည့်လာသည်။

တောမင်းတမန် အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ...

"ဒါက ရှုပ်ထွေးတယ်.... ကိုကိုလည်း သေချာ မပြောတတ်ဘူး....."

"ကျွန်တော့်ကို အမှန်အတိုင်းပြောပါ....အရင်တစ်ခေါက်က အိမ်ထဲ ခိုးဝင်တဲ့လူကလည်း ရိုးရိုးသူခိုးမဖြစ်နိုင်ဘူး...အခုတစ်ခေါက်ရောပဲ....ဘာလို့ဆို အိမ်ထဲက ပစ္စည်း တစ်ခုမှ မပျောက်ဘူးလေ...ပစ္စည်းခိုးဖို့ အချိန်မရတာတော့ မဖြစ်နိုင်ဘူး...တစ်အိမ်လုံး ကို ဗြောင်းဆန်အောင် လုပ်ဖို့ကျအချိန်ရှိပြီး တစ်စုံတစ်ခု ယူဖို့ကို အချိန်မရှိဘူးလို့ မပြောနဲ့...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now