part 17

1.6K 96 0
                                    

Unicode & Zawgyi

(Unicode)

"မင်းကိုလွင်....အလကားကောင်....နင်...."

ခွန်းရည်ချို မင်းကိုလွင်ကို သတ်ပစ်ချင်လောက်သည်အထိ ဖြစ်နေသည်။

မိမိတာဝန်ယူထားသည့် ပရောဂျက် လေလံဆွဲဖို့က နီးကပ်နေပြီ...။

ဒီပရောဂျက်သာ အောင်မြင်လျှင် Cloud တစ်ခုလုံး မိမိလက်တွင်းကျရောက်တော့မည် ဖြစ်သည်။

ယခုတော့ မိမိ၏ မောင်အရင်းကြောင့်
သေချင်စိတ်ပေါက်နေပြီပင်...။

"မမကလည်း စိတ်မဆိုးပါနဲ့ ဟာ ငါ အဆင်ပြေအောင် လုပ်ပေးပါ့မယ်ဟာ....စိတ်လျှော့နော်... "

မင်းကိုလွင်မှာ ခွန်းရည်ချို စိတ်ပြေစေရေး ကြိုးစားနေရသည်။

"အရူး ငါ စိတ်လျှော့နိုင်မလား....
နင်သာ ငါ့မောင်မဟုတ်ရင် အခုချိန်
သေနေလောက်ပြီ....
နင်ဖြောင်ထားတဲ့ ကုမ္ပဏီ ငွေ ကိစ္စကို သဘက်ခါ ပြေလည်တာ လိုချင်တယ်...နားလည်လား...."

"အင်းပါ...မမရာ အဆင်သင့်လုပ်ထားပါ့မယ်..."

ခွန်းရည်ချို  ..မင်းကိုလွင် ဆီက အာမခံချက်ရသည်နှင့် သူ့ရုံးခန်းသူ ပြန်သွားသည်။

ခွန်းရည်ချို ထွက်သွားပြီးနောက် မင်းကိုလွင် တစ်နေရာသို့ ဖုန်းခေါ်ဆိုလိုက်သည်။

"ငါ့ရှယ်ယာတွေကို ခပ်မြန်မြန် ရောင်းလိုက်တော့ ..."

တစ်ဖက် ၌...

"မန်မန် ငါတို့အတွက် သတင်းကောင်းရှိတယ်...."

"ဘာသတင်းလည်း မိုး...."

"မင်းကိုလွင် ရှယ်ယာတွေ ထုတ်ရောင်းနေပြီ...."

"ဒီလို အလျှင်အမြန် ထုတ်ရောင်းတယ်ဆိုတော့ အခြေအနေ ဆိုးလို့ပဲ ဖြစ်ရမယ်....နင့်သတင်းကောင်းကလည်း ပုံမှန်ပါပဲ..."

တောမင်းတမန် နဂိုကတည်းက ခန့်မှန်းထားသည့်အလား ပြောလိုက်သည်။

"နင့်ကို ဘယ်သူ ပြောလည်း.. ဒါက သတင်းကောင်းလို့...."

"မင်း ပြောတာလေ...."

"နင် ငါနဲ့ တစ်နေရာ လိုက်ခဲ့....."

"ဘယ်ကိုလဲ..."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now