part 64

1K 61 0
                                    

Unicode & Zawgyi

(Unicode)

မင်းကိုလွင်  ၏ ဂယက်ရိုက်မှုပင် ဆုံးခန်းမတိုင်သေး...ယခု ဒေါ်ကြည်မေ ကြောင့် Cloud သည်ကား ဟိုးအောက်ဆုံးသို့
ရောက်ရှိနေလေပြီ။

ခွန်းရည်ချို  ဒေါ်ကြည်မေ  အကြောင်းကို
သိပြီး တုန်လှုပ်လာသည်။

ခွန်းရည်ချို  အတွေးထဲမှာ တောမင်းတမန်  သိနေပြီလားဆိုသည့် အတွေးတို့က ခိုအောင်းနေသည်။

ခွန်းရည်ချို  အိမ်သို့ ပြန်ရောက်ချိန်မှာ သူ့အခြေအနေက ပိုဆိုးသွားလေသည်။
သူ့အိမ်မှာ တရားရုံးမှ ဆင့်ခေါ်စာ ရောက်နေသည်။
ထို ဆင့်ခေါ်စာ မှာ မင်းကိုလွင် ထံသို့ လည်း မဟုတ်သလို ဒေါ်ကြည်မေ  ထံသို့လည်း မဟုတ်ပေ....။

ခွန်းရည်ချို  ထံသို့ တိုက်ရိုက် ဆင့်ခေါ်စာပင်....။

ခွန်းရည်ချို  ရှည်ရှည်ဝေးဝေး ဘာမှ မတွေးနိုင်တော့။
ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ဖြစ်လာဖို့ကိုလည်း ယာယီ စွန့်လွှတ်လိုက်သည်။

ယခုအချိန်မှာ သူအဖမ်းမခံရဖို့က အရေးကြီးသည်။

ထို့အတွက်ကြောင့် အကောင်းဆုံး အရာသည်ကား ဒီနိုင်ငံမှ ချက်ချင်းထွက်သွားဖို့ပင်။
အခုချိန် ထွက်သွားလျှင် မှီနိုင်သေးသည်။

ခွန်းရည်ချို  ပိုင်ဆိုင်သမျှ ဘဏ်စာအုပ်အားလုံးကို ယူပြီး အထုပ်အပိုး ပြင်ကာ ညတွင်းချင်း လေဆိပ်သို့ ဆင်းသည်။

တစ်လကြာပြီးနောက်....

မင်းကိုလွင် ၏  လူသတ်မှုအတွက် တရားရင်ဆိုင်မှုက လည်း စတင်ခဲ့သည်။

မင်းကိုလွင် မှာ လူသတ်မှုအပြင်
တောမင်းတမန်  စွဲဆိုထားသည့် အမှုတွေပါ ရင်ဆိုင်ရသည်။

တောမင်းတမန်  အနေနှင့် တစ်ဖက်က အသတ်ခံရသည့် မိန်းကလေးရဲ့ မိသားစုဘက်က ရပ်တည်ပေးခဲ့သည်။

မင်းကိုလွင် မှာ သူ့ဘက်က ထောက်ပံ့ပေးမည့်သူ တစ်ဦးတစ်ယောက်မှ မရှိတော့ပေ​။  

သူ့ဘက်ကနေ ခုခံချေပပေးမည့် အစိုးရ ရှေ့နေကလည်း ဝတ္တရား အရ သာ လုပ်ဆောင်ပေးသည်မို့ တရား ရင်ဆိုင်မှုတွင် မင်းကိုလွင်  ဘက်က ရှုံးနိမ့်ကာ အမှုအားလုံးအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅နှစ် ကျခံခဲ့ရသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now