part 5

2.5K 121 1
                                    

Unicode & Zawgyi

(Unicode)

"အစ်ကို မင်းမင်း  ဒေါ်လေးကြည်က အခုချက်ချင်း လာခဲ့ပါတဲ့...."

"ဖြစ်နိုင်ရင် ငါ့မျက်နှာ မပြောနဲ့ ငါ့အရိပ်တောင်မမြင်ချင်တဲ့ သူက ဘာအတွက် ခေါ်ခိုင်းတာပါလိမ့်.."

တောမင်းတမန် ထိုအတွေးတို့ကို တွေးရင်း
မသွားချင်သော်လည်း လုပ်လက်စ အလုပ်တို့ကို လက်စသတ်ထားခဲ့ပြီး သွားခဲ့ရသည်။

တောမင်းတမန် သူ့မျက်ဝန်းရှေ့က ကြီးမားလှသည့် အိမ်ကို ကြည့်ပြီး သက်ပြင်းရှည် တစ်ခု ချလိုက်မိသည်။

"ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာက ဘာအတွက် လဲ..."

တောမင်းတမန်  သူ၏ ရှေ့က အထက်စီးဆန်မှုကို မာန်ဝင့်ဖော်ဆောင်ထားသည့် အမျိုးသမီးကို အလိုမကျသည့် မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေမိသည်။

"တိုက်ရိုက်ပဲ ပြောတာပေါ့... မင်းလည်း ငါ့ကို သဘောမကျသလို ငါလည်း မင်းကို သဘောမကျဘူး.. ရော့ ဒီမှာ ကားသော့...."

ဒေါ်ကြည်မေ မှာ မလိုလားသည့်သူကို မျက်နှာချင်းဆိုင်နေရသည့်အတွက် မျက်နှာမှာ ခက်ထန်နေသည်။

ဒေါ်ကြည်မေသည်ကား ပုံပြင်တွေထဲက မိထွေးဆိုးထက်ပင် ဆိုးသေးသည်။

ကားသော့ ကို စားပွဲ ပေါ် ပစ်တင်ပေးလိုက်ပုံမှာ သူတောင်းစားကို အလှူငွေ ထည့်သည်ကမှ ညင်သာဦးမည် ထင်ရသည်။

"အဒေါ်...ဒါက...."

တောမင်းတမန်  အမှန်တကယ် နားမလည်ခြင်းပင်....။

မည်သည့်အတွက်ကြောင့် ဒေါ်ကြည်မေက
ဤကဲ့သို့ ကားသော့လာပေးနေရသနည်း။

သမားရိုးကျ မဟုတ်သည်မှာတော့ လုံးဝသေချာနေသည်။

"ဒီကားရဲ့ အမည်ပေါက်ကို မင်းနာမည် ပြောင်းလိုက်..."

"ဒီကားက မင်းကိုလွင် ရဲ့ ကားပဲ...
ဘာအတွက် ကျွန်တော့်နာမည် ပြောင်းရမှာလဲ...အကြောင်းအရင်းက..."

"ဘာအကြောင်းအရင်းမှ မလိုဘူး....မင်းနာမည် ပြောင်းလိုက်ဆို ပြောင်းလိုက်ပေါ့....လျှာရှည်လိုက်တာ...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now