part 22

1.6K 90 2
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန်.... စေစားရာ၏ ဂရုစိုက်မှုကို လိုချင်သောကြောင့် တမင် မူးဟန်ဆောင်ကာ စေစားရာ ပြုလုပ်ပေးသည့် အတိုင်း
ငြိမ်နေခဲ့သည်။

မိမိနှင့်အတူ အိပ်လောက်သည်ဟု ထင်ထားသော်လည်း ထိုကောင်လေးက မိမိကို တစ်ယောက်တည်း အိပ်ယာပေါ် ထားခဲ့ပြီး သူက ဘုရားခန်းရှေ့တွင် သွားအိပ်နေသည်။

နူးနူးညံ့ညံ့ အိပ်ယာပေါ်တွင် အိပ်သည်ထက် ဖျာကြမ်းပေါ်တွင် အိပ်သည်က ပို၍  သက်သောင့်သက်သာ ဖြစ်နေစေသည်လား။

တောမင်းတမန်....စေစားရာ ကို မိမိနဲ့ပင် အတူ အိပ်ရန် ပြောချင်သော်လည်း 
မိမိဟန်ဆောင်နေသည်ကို ပေါ်သွားမှာ
စိုးရိမ်နေရသေးသည်။

တောမင်းတမန်....စေစားရာ ကို တိတ်တိတ်လေး စောင့်ကြည့်နေပြီး စေစားရာ အိပ်ပျော်သွားသည် သေချာမှ စေစားရာ ဆီသို့ လျှောက်လာခဲ့သည်။

တောမင်းတမန်....ဖျာကြမ်းထက် ဂွမ်းစောင်အထူခင်းကာ ကွေးကွေးလေး အိပ်နေသည့် စေစားရာ ဆီမှ အရင်ဆုံး အနမ်းတစ်ပွင့် ခိုးလိုက်သေးသည်။
ပြီးမှ သူ သတိရသည်။ ဘုရားခန်း ရှေ့မှာ
ဆိုသည်ကို...။

"ကန်တော့... ကန်တော့...အမိုက်အမဲ
တပည့်တော် ကို ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား"

ထို့နောက် စေစားရာ ကို ပွေ့ချီမသွား၍
အိပ်ယာပေါ် မှာ ပြောင်းလဲအိပ်စေသည်။

တောမင်းတမန် မှာ တစ်ညလုံး မိမိကိုယ်ကို လူသား ခေါင်းအုံး အဖြစ် ပြောင်းလဲစေရင်း စေစားရာ ကို ထွေးပွေ့ထားပေးခဲ့သည်။

တောမင်းတမန် ၏ လူသားခေါင်းအုံးကို
စေစားရာ မှာ နှစ်သက် သဘောကျ ပုံပင်...။

တောမင်းတမန် ဆီသို့ ပို၍ တိုးဝင်ရင်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။

တောမင်းတမန် မှာ စေစားရာ မနိုးခင်
အရင် ထရသည်။
စေစားရာ က မဟုတ်လျှင် သူ့ကို အခွင့်အရေး ယူသည်ဟုဆိုကာ ထပ်မံ၍
မုန်းသွားပြန်လိမ့်မည်။

တောမင်းတမန် မျှော်လင့်ထားသည့် အတိုင်းပါပင်။
စေစားရာ နိုးနိုးချင်း သူ့ကို ထွက်မသွားသေးဘူးလားဟု မေးခဲ့သည်။ပြီးတော့ နှင်ထုတ်ခဲ့သည်။မိမိ မနက်စောစော ထချက်ထားသည့် မနက်စာလေးတောင် စားမသွားခဲ့။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now