part 13

1.6K 85 1
                                    

Unicode & Zawgyi

(Unicode)

အချိန်သုံးနှစ်ဆိုသည့် ကာလမှာ ရှည်လျားသည်ဟု ထင်ရသော်လည်း တကယ့်ကို တိုတောင်းပါသည်။

ရက်ပေါင်း ၁၀၉၅ရက်အတွင်း မြောက်မြားစွာသော စက္ကန့်တို့အတွင်းမှာ မရေတွက်နိုင်သော ပြဿနာ တို့သည်လည်း ဖြစ်ပွားခဲ့သည်။

စေစားရာ မှာ ဤ သုံး နှစ်တာ ကာလအတွင်း အပြုအမူ က အစ ပြောင်းလဲခဲ့သည်။

အရင်က အပြစ်ကင်းစင်သည့် နူးညံ့သည့်
ပုံစံတို့ မြူမှုန်မြူမွှားမျှပင်မရှိတော့။

Lovely အမည်ရှိ ကော်ဖီဆိုင်တစ်ခုအတွင်း၌...

ထင်ရှားသည့် မေးရိုးခပ်သွယ်သွယ်....အနည်းငယ် မတိုမရှည် ဖြစ်နေသည့်
ဆံပင်ကို တစ်ဝက်မကျတစ်ကျ စုစည်းချည်ထားသည့် လူငယ်လေးရှိနေသည်။

ထိုလူငယ်လေး၏ ခါးပေါ်ရှိ အနက်ရောင် အေပရွန်က သူနဲ့ လိုက်ဖက်ညီလျှက်...။

စေစားရာ လွန်ခဲ့သည့် သုံး နှစ်ကတည်းက ကျောင်းထွက်ပြီး ဤ ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။

"ဟေ့ကောင်....ဟိုအလှလေးမဆိုးဘူးကွ.. "

ထိုဆိုင်၏ တစ်နေရာတွင် မင်းကိုလွင် တို့ အုပ်စု ထိုင်နေခဲ့သည်။

"အလှလေး....ဘယ်မှာလဲ... ငါတော့
အဖွားကြီးပဲ တွေ့တယ်..."

မင်းကိုလွင် ပြောလိုက်သည့် စကားကို အခြားတစ်ယောက်က ပြန်ဖြေလိုက်ခြင်းပင်။

"နင့်ကြီးတော်...မင်းမျက်လုံးက အဖွားကြီးပဲ မြင်တာလား....ငါပြောတာ ဟိုမှာ အနက်ရောင်အေပရွန်နဲ့ ဆံပင်စည်းထားတဲ့
ကောင်လေးကို ပြောတာ...."

"ဟေ့ကောင်...ကိုလွင်...အဲ့ဒါ ယောကျာ်းကြီးနော်...."

"သိတယ်လေ.... ဒါပေမယ့် သေချာ ကြည့်လေ....မိန်းကလေး ထက် ချောတယ် မထင်ဘူးလား...."

"မင်း....မင်း တကယ်ကြီးလား.... "

မင်းကိုလွင် သူငယ်ချင်း ဆိုသူက မျက်နှာ
ရှုံ့မဲ့လျက် ဆိုလာသည်။

"မင်း ဒီမှာ ခဏ စောင့်နေ...."

မင်းကိုလွင်  သူ၏ ခြေလှမ်းတို့ကို တစ်နေရာသို့ စတင်လိုက်သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now