part 46

1.2K 75 0
                                    

Unicode & Zawgyi

(Unicode)

စေစားရာ အချိန်အတော်ကြာ မတုန်မလှုပ်ရပ်နေပြီးမှ တောမင်းတမန် ထံဖုန်းခေါ်ရန် ပြင်လိုက်သည်။

တစ်ဖက်၌...

ကြာဖူးဝသုန် က အသည်းအသန် သုတ်ပေးနေသည့်အတွက် တောမင်းတမန် အားနာလာပြီး...

"ရပါတယ် ကျွန်တော့်ဘာသာ သုတ်လိုက်ပါ့မယ်...."

"အားနာလိုက်တာ ရှင်....."

"မဟုတ်တာ မတော်တဆ ပဲဟာ... "

"ရှင် အဝတ်လဲမလား....ဂျက်စ်ရဲ့ အက်ျီ အချို့ ရှင့်အတွက် ပြင်ဆင်ပေးနိုင်ပါတယ်...."

"မလဲတော့ပါဘူး....ရပါတယ်.... "

"လဲလိုက်တာ ကောင်းမယ်လို့ထင်တယ်... ရှင့်ရဲ့ အက်ျီ ရှေ့ခြမ်းအကုန်နီးပါး စိုသွားတာလေ....ခဏစောင့် ကျွန်မသွားယူပေးမယ်..."

ကြာဖူးဝသုန်  ပြောပြီးတာနဲ့ နေရာမှ ချက်ချင်းထွက်သွားသည်။

တောမင်းတမန်  သူ့အက်ျီ  ကို တစ်သျှူးနဲ့ပဲ ဆက်သုတ်နေတုန်း ဖုန်းဝင်လာသည်။

"🎶🎶🎶...."

တောမင်းတမန် .... ဖုန်းကို ယူကြည့်လိုက်ပြီး
စေစားရာ ထံမှ အဝင်ကောလ် ဖြစ်သောကြောင့် မဆိုင်းမတွ ချက်ချင်း ပြန်ဖြေလိုက်သည်။

"စေ...ဘာဖြစ်လို့လဲ.... "

"ဘာမှ မဖြစ်ပါဘူး.... ဒီအတိုင်း...ဒီအတိုင်း....နေ့လည်စာ အတူတူ လာစားမှာလားလို့ သိချင်လို့...."

စေစားရာ  အသံကို တည်ငြိမ်အောင် မနည်း အားတင်းကာ ပြောနေရသည်။

စေစားရာ  ပြောမှ တောမင်းတမန်  နာရီကို ကြည့်မိသည်။ အချိန်ကား...11:50 AM တောင် ဖြစ်၍နေချေ ပြီ....​။ 
ဒီနေရာကနေ စေစားရာ  ထံသို့ ဆိုလျှင် အချိန် နာရီဝက်ထက်မက ကြာလိမ့်မည်။
သူ့ကို စောင့်နေရင်း
စေစားရာ  ထမင်းစားချိန် မမှန်တာမျိုး
မဖြစ်စေချင်ပေ....။

"စေ ကိုကို လာမစားဖြစ်တော့ဘူး....အလုပ်ကိစ္စနဲ့ နယ်ဘက်ရောက်နေလို့....ကိုကို ပြန်လာဖို့ဆို အချိန်အတော်ကြာမှာ.... စေ အစားစားချိန် လွန်သွားလိမ့်မယ်...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now