part 30

1.7K 87 0
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန်  တစ်ညလုံး ခုံတန်းပေါ်မှာ  အဖော်ပြု အိပ်ပြီးနောက်မှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။
ထိုဆုံးဖြတ်ချက်မှာ  အိမ်သော့အပြင် အိပ်ခန်းသော့ပါ ပွှားယူထားမည်
ဟူ၍ ပင်...။

စေစားရာ၏ မနက်ခင်းကို အရင်နေ့ကကဲ့သို့ပင် လေးထောင့်စားပွဲရှည်ပေါ်ရှိ စားစရာအပြည့်က ကြိုဆိုနေသည်။

"စေ....နိုးလာပြီလား..."

"အင်း..."

"ကိုကို စေ အတွက် မနက်စာ ပြင်ထားပေးတယ်...."

"အကုန်လုံး ခင်ဗျားချက်ထားတာလား...."

"ဟုတ်တယ် အကုန် စေရဲ့ အကြိုက်တွေချည်းပဲလေ...."

"ဒါတွေက အရင်တုန်းက ကြိုက်တာ
အခုမကြိုက်တော့ဘူး....."

စေစားရာ စကားကြောင့် တောမင်းတမန်
မျက်နှာညိုးကျသွားသည်။

"ဒါဆို စေ ကြိုက်တာ ပြောလေ...
ကိုကို အခု ချက်ပေးမယ်...."

"ရပါတယ် အပင်ပန်းခံမနေနဲ့ ဒါတွေပဲ စားလိုက်မယ်...."

"ဒါပေမယ့် စေမှ မကြိုက်တာ...."

"မကြိုက်ပေမယ့် ခင်ဗျားချက်ထားတာ ကောင်းတော့ စားရအဆင်ပြေပါတယ်...."

ခုန ညိုးငယ်နေသည့် တောမင်းတမန် မျက်နှာ မှာ ချက်ချင်း အူမြူးသွားလေသည်။

"စေ ဆိုလိုချင်တာက ကိုကို ဟင်းချက်တာ တော်တယ်လို့လား....စေ ဆီက
ချီးကျူးစကားကြားရတော့ ကိုကို ပင်ပန်းနေရတာတွေ ပျောက်သွားသလိုပဲ...."

"စားလို့အဆင်ပြေတယ်ပဲ ပြောတာ.... ခင်ဗျားကို ချီးကျူးနေတာမဟုတ်ဘူး..."

"စေ သဘောကို ကိုကိုနားလည်ပြီ...
စားတော့...."

တောမင်းတမန် တကယ်ကို ပျော်သည်။
စေစားရာ က အနည်းနဲ့အများ တော့ သူ့ကို ပြန်လက်ခံလာပြီမဟုတ်ပါလား။

စေစားရာ ဘာမှ မပြောတော့ ...။

သူ့ရှေ့က တစ်ယောက်ကို စိတ်တိုင်းကျ
စိတ်လွတ်ခွင့်ပေးထားလိုက်တော့သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now