part 48

1.1K 78 0
                                    

Unicode&Zawgyi

(Unicode)

"ကျွန်တော် မသွားချင်ဘူး.... ပင်ပန်းနေပြီ...အိမ်မှာပဲ အနားယူချင်တယ်.... "

တောမင်းတမန် .... စေစားရာ  ငြင်းဆန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

"စေ...."

"ပြန်ကြရအောင် ကျွန်တော် နားချင်ပြီ...."

စေစားရာ  အသံမှာ တိုးဖျော့နေသည်။

တောမင်းတမန်  စဉ်းစားလေ ပို၍ မှားယွင်းနေလေမှန်း သတိထားမိလာသည်။

"စေ တစ်ခုခု ဖြစ်နေတယ်မလား...."

"ကျွန်တော် ဘာမှ မဖြစ်ဘူး...."

"တကယ်ပဲ ဘာမှ မဖြစ်ဘူး ဆို ဘာလို့
ကိုကို့မျက်နှာကို စေ မကြည့်တာလဲ...
ဘာလို့ စကားပြောတိုင်း မျက်နှာလွှဲသွားတာလဲ...."

"ဒီအတိုင်းပဲ ကျွန်တော် ပင်ပန်းနေလို့.... "

စေစားရာ  စကားဆက်မပြောချင်တော့သည့်အတွက် ကားထဲ ဝင်ဖို့သာ ပြင်လိုက်သည်။

တောမင်းတမန် ... စေစားရာ  ၏ ယခု ပုံစံကို မြင်လေ ပို၍ ထိတ်လန့်လာလေပေ။

တစ်ခုခု အထင်လွဲမှု မရှိပါဘဲနဲ့ စေစားရာ  ၏ အပြုအမူ များက ဤကဲ့သို့ ပြောင်းလဲနေမည် မဟုတ်ပေ။

တောမင်းတမန်  တွေးမိသည်။
စေစားရာ  က ယခင် သူ့အပေါ် ဖခင် သေဆုံးမှုနဲ့သာမက အကြောင်းအရာ အမျိုးမျိုးနဲ့ အထင်လွဲနေတုန်းကလည်း ယခုကဲ့သို့ ပြုမူခဲ့သည်။

သို့သော် တောမင်းတမန်  တွေးမရသည်က
စေစားရာ  အထင်လွဲလောက်သည့် မည်သည့်ကိစ္စကို ပြုလုပ်ခဲ့မိမှန်း မသိပေ....။

တောမင်းတမန်  အနေနှင့် လတ်တလော ဖြစ်နေသည့် အကြောင်းအရာကို ချက်ချင်း အဖြေရှာသည်က ကောင်းလိမ့်မည်ဟု တွေးမိသည်။

မဟုတ်လျှင် အချိန်လွန်မှ နောင်တရ ရလိမ့်မည်။
သူ နောင်တ တရားကို မုန်းသည်။
လောကမှာ အမုန်းဆုံး စကားစုကို ဖော်ပြပါဆိုလျှင် တောမင်းတမန်  အနေနှင့် နောင်တ ဆိုသည့် စကားစုကို ရေးပြမိလိမ့်မည်။

တောမင်းတမန် ...ကားထဲဝင်ဖို့ လုပ်နေသည့် စေစားရာ  ကို တားထားရုံသာမက
စေစားရာ  ကို သူ့ရင်ခွင်တွင်း၌ထည့်၍ ထွေးပွေ့ထားလိုက်သည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now