part 1

13.6K 352 7
                                    

Unicode & Zawgyi

(Unicode)

အရင်ဆုံး ကျွန်တော့်ကိုယ် ကျွန်တော်
မိတ်ဆက်မယ်။

ကျွန်တော့် နာမည်က စေစားရာ... ။

ကျွန်တော့် ဘဝ မှာ အရေးအကြီးဆုံးသူ
နှစ်ယောက် ပဲ ရှိတယ်...။

အဲ့ဒီသူ နှစ်ယောက် က ကျွန်တော့် အဖေနဲ့ သူ....သူဆိုတာက ကျွန်တော့် နှလုံးသားတစ်ခုလုံးကို အပိုင်စိုးထားတဲ့....သူ....။

"ဖေဖေ....ကျွန်တော် သွားတော့ မယ်...."

စေစားရာ လွယ်အိတ် ကို ကပျာကယာ လွယ်ရင်း ပြောလိုက်သည်။

"သားလေး... မနက်စာ စားသွားဦးလေ...."

ဦးထွန်းမောင် ပြောလိုက်သည်။

ဦးထွန်း​မောင် မှာ စေစားရာ ကို မိတဆိုး
သားလေးမို့ အလွန် ဂရုစိုက်ကာ အချစ်ပိုသည်။

မိသားစုဆိုလို့ အဖေနဲ့ သား နှစ်ယောက်သာ ရှိသည်။

"မစားတော့ဘူး ဖေဖေ...."

"ဘာလဲ....သား ကိုကို ရောက်နေပြီ မလား ..
ဒါကြောင့် သူ စောင့်နေရမှာစိုးလို့ မစားတာ
မလား...."

"ဖေဖေ ကလည်း....သားက ဗိုက်မဆာလို့ပါ...."

"ဦးလေးအစား ​'စေ'ကို ကျွန်တော် မနက်​စာ ကျွေးလိုက်မယ်...ဦးလေး စိတ်ချပါ.... "

ထိုစကားကို ဆိုကာ ပြုံးရယ်ရင်း ဝင်လာသော လူတစ်ယောက်...

"ကိုကို....."

စေစားရာ ၏ မျက်နှာမှာ ထိုသူ့အသံ ကြားသည်နှင့် ဝမ်းသာ ပိတီတို့ ယှက်ဖြာမှု
အပြည့်....

"လူလေး ရောက်လာပြီလား...."

"ဟုတ်ကဲ့ ဦးလေး...."

"မင်းရဲ့ စေ ကို မြန်မြန်သာ ခေါ်သွား တော့....ခုနကတည်းက မင်းလာမယ်ဆိုလို့ ပျာယာခတ်နေတာ...."

"ဖေဖေ...မဟုတ်တာ မပြောနဲ့....သား ဘယ်မှာ ပျာယာခတ်လို့လဲ..."

စေစားရာ ပါးလေးဖောင်းကာ နှုတ်ခမ်းစူရင်း အလိုမကျဟန်ဖြင့်ဆိုနေသည်။

တောမင်းတမန် သူ၏ ရှေ့မှ ပါးလေးဖောင်းကာနှုတ်ခမ်းစူရင်း စကားပြောနေသော သူ၏ ချစ်သူ ကို ကြည့်နေရင်း အသဲယားလာသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now