part 8

2K 95 2
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန် စစ်ဆေးရေးခန်းထဲ ရောက်မှ သူနားလည်သည်။

မင်းကိုလွင်၏ ပြစ်မှုများကို သူ့ခေါင်းပေါ်ပုံချနေခြင်းသာ...။

သူလက်မခံနိုင်...။

ဤ သားအမိ သူ့အပေါ်အနိုင်ကျင့်လွန်းသည်မှာ သည်းခံနိုင်သည့် အတိုင်းအတာ ထက်ကျော်လွန်နေပြီပင်....။

" ဆက်မငြင်းတော့ရင် ကောင်းမယ်.....မင်းရဲ့  ကားကို C C TVမှာ အသေအချာ ရိုက်မိထားခဲ့တာတောင်မှ...."

မြတ်မင်းအနေနဲ့ သူ့ရှေ့က လူကို ဒေါသ
ထွက်လွန်း၍သည်းမခံနိုင် တော့....။

"အရာရှိကြီး ဒီနေ့မတိုင်ခင် အရင်နေ့တွေက ဒီကားရဲ့ပိုင်ရှင် အမည်ပေါက်က ဘယ်သူလဲ ဆိုတာ ခင်ဗျား စုံစမ်းသင့်တယ်....ကျွန်တော် ကိုယ်တိုင် တောင် ဒီကားကို ပိုင်ဆိုင်မှန်း ခင်ဗျားတို့ ပြောမှ သိခဲ့တာ... "

မြတ်မင်း....တောမင်းတမန် ၏ စကားကြောင့် တွေဝေသွားသည်။တောမင်းတမန် ပြောသည်မှာ ဖြစ်နိုင်သည်ဟု ထင်မိသည်။
အဘယ်တရားခံက မိမိကို အချိန်သင့်
လာဖမ်းနိုင်အောင် အေးဆေးသက်သာစွာ စောင့်နေလိမ့်မည်နည်း။

"ကောင်းပြီ... တောမင်းတမန်  မင်းပြောတာ ဟုတ်မဟုတ် ငါ စစ်ဆေးမယ်..."

မြတ်မင်းက ထိုသို့ပြောပြီးသည်နှင့် ထွက်သွားခဲ့သည်။

ဒုရဲအုပ် မြတ်မင်း ထွက်သွား ပြီး သိပ်မကြာ
တောမင်းတမန် ကို လက်ထိပ်ခတ်ခဲ့သည့် တပ်ကြပ် စစ်ဆေးရေးခန်းထဲ ဝင်လာခဲ့သည်။

ထိုသူက ဘာမှ မပြောဘဲ စစ်ဆေးရေး ခန်းထဲမှာ တပ်ဆင်ထားသည့် ကင်မရာ အားလုံးကို လိုက်လံပိတ်နေသည်။

ကင်မရာအားလုံးကို ပိတ်ပြီးသွားပြီဆိုတာ သေချာမှ....တောမင်းတမန် ဆီသို့ လျှောက်လာပြီး သူ့ရဲlaptop မှာ video တစ်ခုကို ဖွင့်ပြလိုက်သည်။

တောမင်းတမန် ထို video ကို ကြည့်နေရင်း မျက်နှာထားတို့ တည်တင်းလာကာ လက်သီး ကို တင်းတင်းဆုပ်ထားမိသည်။

"သူ့ကို ဘာလုပ်လိုက်တာလဲ..... မင်းတို့ သူ့ရဲ့ ဆံပင်တစ်မွှေးကိုတောင် ထိရဲထိကြည့် ငါ မင်းတို့ အားလုံး ကို သတ်ပစ်မယ်...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now