part 12

1.6K 90 1
                                    

Unicode & Zawgyi

(Unicode)

တရားစီရင်ချက် ချမည့်နေ့....တရားရုံးထဲတွင်....

တရားသူကြီးနှင့်တကွ အမှုနဲ့ ပါဝင်ပတ်သက်သူအားလုံး ရောက်ရှိနေသော်လည်း....
တောမင်းတမန်  ဘက်မှ တရားခံရှေ့နေ
မင်းမခ ရောက်မလာသေးပေ....။

အမှု ကြားနာမှုကို လာရောက်ကြည့်ရှုသူများ၏ရှေ့ဆုံးတွင်...
စေစားရာ နဲ့အတူ ထွန်းမင်းအောင်  ပါ 
ထိုင်နေခဲ့သည်။

"စေစား... တရားခံ က မင်းကိုကို ဖြစ်နေတာလား..."

ထွန်းမင်း  အခုမှ သိရှိခြင်းသာ....။

စေစားရာ မှာ ဖြေဆိုခြင်းမရှိ ။
တောမင်းတမန်  ကို သာ စိုက်ကြည့်နေသည်။

စေစားရာ ၏ မျက်ဝန်းတို့တွင် နာကျည်းမှု....နောင်တ တရားတို့ ပြည့်နှက်နေသော်လည်း....ယခု အချိန်ထိ ဖြစ်ပျက်သမျှ အရာအားလုံး ကို အိမ်မက်တစ်ခု ဖြစ်ရန် ဆုတောင်းနေဆဲ....။

တုံ့ပြန်မှု မရှိသော စေစားရာ ကြောင့်
ထွန်းမင်း  ပို၍ ဘဝင်မကျတော့....။

"စေစား မင်း သိနေခဲ့တာလား...."

"အင်း..."

စေစားရာ ၏ အေးစက်စက် စကားတစ်ခွန်းကြောင့် ထွန်းမင်း  စကားဆက်ခြင်းမရှိတော့...။

အခုချိန်မှာ အနာကျင်ဆုံးက စေစားရာ  မဟုတ်ပါလား...။

တောမင်းတမန်  လည်း စေစားရာ ကို မြင်သည်။

တောမင်းတမန်  မှာ စေစားရာ ကိုရင်ဆိုင်ဖို့ရာပင် ခွန်အား မရှိတော့သည့်အလား...။
မျက်လုံးခြင်းဆုံအောင်မကြည့်တော့ပေ...။

"တရားခံ ဘက် ရှေ့နေ ကလာရောက်ဦးမှာလား..."

တရားသူကြီးမှာ မစောင့်နိုင်တော့သောကြောင့် မေးလိုက်သည်။

"တရားသူကြီးမင်း တရားခံ ရှေ့နေဟာ အချိန်ကို မလေးစားတာပါပဲ....စောင့်မနေသင့်ပါဘူး...အစိုးရ ရှေ့နေ နဲ့ အစားထိုးတာ သို့မဟုတ် တရားခံ ကိုယ်တိုင် ခုခံချေပခြင်းကို ခွင့်ပြုပေးဖို့တောင်းဆိုအပ်ပါတယ်..."

တစ်ဖက်က တရားလို ရှေ့နေက ပြောဆိုလာသည်။

တောမင်းတမန် ပို၍ မျက်မှောင်ကြုပ်လာသည်။
ထိုလူ မင်းမခ... သူက မယုံကြည်ထိုက်ဘူးလား....။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now