part 36

1.5K 84 2
                                    

Unicode & Zawgyi

(Unicode)

"ကိုယ်အဆင်ပြေပါတယ်....ကိုယ့်နာမည်က မာန်ဝင့်ချီ ပါ....ကိုယ့်ညီ နာမည်ကို ရော
သိခွင့်ရှိမလား.... "

စေစားရာ သူ့ရှေ့က လူ၏အကြည့်ကို သဘောမကျသော်လည်း ကိုယ့်ဘက်က
အရင်မှားမိသည်မို့ အပြုံးနဲ့သာ ပြန်လည် တုံ့ပြန်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် မရည်ရွယ်ပဲ ဝင်တိုက်မိသွားတာ..."

"ကိုယ် အဆင်ပြေပါတယ်... ဒါနဲ့ ကိုယ်မေးထားတာ မပြောသေးဘူးနော်.... "

"ခင်ဗျား အဆင်ပြေ တယ်ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး..."

စေစားရာ... မာန်ဝင့်ချီ ၏ အမေးကို တမင်လျစ်လျူ ရှုလိုက်ခြင်းဖြစ်သည်။

စေစားရာ ထိုသူ့ကို မြင်ကတည်းက မည်သည့်အတွက်ကြောင့် သဘောမကျမှန်း
မသိပေ။

သူ၏ မသိစိတ်က စိုးရိမ်နေသလိုခံစားနေရသည်။
မာန်ဝင့်ချီ အပေါ် စိတ်သက်သာမှုမရှိပေ...။

ထို့အတွက်ကြောင့် သာ စေစားရာ  သူ၏ နာမည်ကို မပြောခဲ့ဘဲ ထိုနေရာမှ မြန်မြန်  ထွက်သွားခြင်းသာ။

မာန်ဝင့်ချီမှာ အခု လို လျစ်လျူ ရှုခြင်းခံလိုက်ရသည်က စေစားရာ ထံမှ ပထမဆုံး ဖြစ်လိမ့်မည်။

မာန်ဝင့်ချီ လည်း ထိုနေရာမှာ ဆက်မနေတော့။
နောက်လှည့်ကာသာ ပြန်လာခဲ့သည်။

သူ၏ ဦးတည်ရာမှာ အလွန်လှပတောက်ပြောင်နေသည့် အနက်ရောင် ကားကြီးဆီသို့။

"ဥက္ကဋ္ဌ.... "

အနက်ရောင် ကားနားမှာ ရပ်နေသည့်
လူတစ်ယောက် က မာန်ဝင့်ချီ  ကို ဦးညွှတ်ရင်း  ကားတံခါးကို ဖွင့်ပေးလိုက်သည်။

မာန်ဝင့်ချီ  သည်ကား T&T(Target &Technology) ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။

မာန်ဝင့်ချီ  အသက်၂၃နှစ်အရွယ်ကစလို့
ယခု အသက် ၂၉ နှစ်အရွယ်ထိ  စီးပွားရေး လောကမှာ ထိပ်တန်းအောင်မြင်မှု ရရှိနေသည့်သူတစ်ယောက်ပင်။

စေစားရာ  နေ့လည်ရောက်သည်နှင့် တစ်စုံတစ်ခု ကိုမျှော်လင့်နေမိသည့်အလား ဆိုင်ပေါက်ဝကို ခဏခဏကြည့်နေမိသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now