part 28

1.5K 92 0
                                    

Unicode & Zawgyi

(Unicode)

Cloud company ၏ ဥက္ကဋ္ဌ ရုံးခန်းထဲတွင်...

ဦးကျော်မောင်နဲ့အတူ လူတစ်ယောက်
ထိုင်နေသည်။

ဦးကျော်မောင် ၏ မျက်ဝန်းတို့တွင်
ထိုလူ့အတွက် သနားမှု ဝမ်းနည်းမှု
တာဝန်မကျေမှုတို့ပြည့်နေသည်။
ထိုလူကား အခြားသူမဟုတ်....
တောမင်းတမန် ပါပင်...။

တောမင်းတမန် တွေးမိသည်။

'ရန်သူက ငါ့ကို ဒီရုံးခန်းထဲက နေရာမှာ
မထိုင်စေချင်တာမလား....
ဒီတော့ လွယ်ပါတယ်လေ...
ရန်သူမလိုလားတဲ့ အရာကို
လုပ်ပြီး... ရန်သူ့စိတ်ကို စွပေးရုံပေါ့....'

"သားငယ် အခုမှပဲ အဖေ့ဆီမျက်နှာလာပြတော့တယ်..တကယ်တမ်းဆို မင်းအပြင်မှာ ရောက်နေတာ ၆လလောက်တောင်ရှိတော့မယ် "

တောမင်းတမန် လည်း ဦးကျော်မောင်ကို
ပြုံးပြလိုက်ပြီး ....

"ကျွန်တော် တောင်းပန်ပါတယ် အခြေအနေတွေက ဒီလို ဖြစ်သွားတော့ ကျွန်တော်
စိတ်တည်ငြိမ်အောင်လုပ်ချင်လို့ပါ....
ဒါကြောင့် ...ကျွန်တော် စိတ်ပြေရာ ပြေကြောင်း အပြင်မှာ နေနေတာ "

"အခုလို ပြန်လာပေးတာပဲ အဖေ ကျေနပ်ပါတယ်...
အခု ပြန်လာပြီဆိုတော့ အဖေရဲ့ အလုပ်တွေမှာ ကူညီပေးရင်ကော သားငယ် ဘယ်လို သဘောရလဲ...."

"ကျွန်တော် ကူညီပေးချင်ပါတယ်....
ဒါပေမဲ့ လုပ်ငန်းကျွမ်းကျင်မှုက မရှိတော့...."

"သမီးကြီးက သားငယ် အဆင်ပြေပြေ အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်တာပဲ.... ပြီးတော့ အဖေ သားအစ်မကို ခေါ်ခိုင်းထားတယ်... ခဏစောင့်...."

တောမင်းတမန် ဦးကျော်မောင်ကို
ပြုံးပြလိုက်ပြီး သူ့ရှေ့က လက်ဖက်ရည်ခွက်ကိုသာ သောက်နေလိုက်သည်။

တစ်ဖက်၌...

ခွန်းရည်ချို မှာ မင်းကိုလွင် ၏ အမွှေထုပ်များကို ရှင်းနေရသည့်အတွက် လွန်စွာ စိတ်ရှုပ်နေသည်။

အခု နားမည်ကြံရုံရှိသေး.... ဥက္ကဋ္ဌ ၏ အတွင်းရေးမှူးခန်းက ဖုန်းဆက်လာသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now