part 63

1K 60 0
                                    

Unicode&Zawgyi

(Unicode)

တောမင်းတမန်  နဂိုက မင်းမခ ဆီသွားရန် ရည်ရွယ်ထားခဲ့သော်လည်း မင်းမခ 
မရောက်ဖြစ်တော့ပေ။

တောမင်းတမန် အဖွားဒေါ်သိန်းမေ ဆီကနေ ပြန်လာပြီး မြမြဝေ ၏ အုတ်ဂူ ရှိရာ သခ်ျိုင်းသို့ ရောက်လာခဲ့သည်။

တောမင်းတမန်  မြမြဝေ ၏ အုတ်ဂူရှေ့မှာ အချိန်ကြာမြင့်စွာ ရပ်နေခဲ့သည်။

တောမင်းတမန်  သူ၏ စိတ်တို့ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည်နှင့် Cloudသို့ ပြန်လာခဲ့သည်။

တောမင်းတမန်  အခန်းထဲ ဝင်လာချိန်တွင် ယခင်တစ်ခါလို ဒေါ်ကြည်မေသည်ကား ရောက်ရှိနေပြန်သည်။

တောမင်းတမန်  ဒေါ်ကြည်မေ  မြင်လိုက်ရသည့် တစ်ခဏ သူထိန်းချုပ်ထားခဲ့သည့် ဒေါသတို့က ပြန်လည် ပွင့်ထွက်လာသည်။ မိမိ၏ အမေသေဆုံးခဲ့ရသလို ဒေါ်ကြည်မေ  ကိုလည်း သေစေချင်မိသည်။

တောမင်းတမန်  သူ၏ စိတ်ကို ဉာဏ်နှင့်ထိန်းချုပ်၍ ဒေါ်ကြည်မေ ကိုသာ စူးစိုက်ကြည့်နေမိသည်။

"တောမင်းတမန် ...ကိုလွင် ကို  ကူညီပေးပါ...မင်းပြောတဲ့ အပေးအယူကို ငါလက်ခံတယ်.....မင်းသိချင်တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ကအကြောင်းကို ပြောပြမယ်... "

ဒေါ်ကြည်မေ သည်ကား ဤ ဆုံးဖြတ်ချက်ကို ချီတုံချတုံဖြင့် မနည်းချလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူ၏သားနှင့်သမီးကို ကယ်ဖို့အတွက် သူ့ဘဝကို စွန့်လွှတ် အနစ်နာခံလိုသည်။

"....."

တောမင်းတမန်  ခွန်းတုံ့မပြန်သလို
အမူအယာသည်ကား ကင်းမဲ့နေဆဲပင်...။

ဒေါ်ကြည်မေ... တောမင်းတမန်  ၏
အမူအယာ ကင်းမဲ့နေမှုကို မည်သို့မျှပင်
ဂရုမထားဘဲ သူပြောလိုသည့် အကြောင်းအရာကိုသာ ဆက်ပြောလိုက်သည်။

ဒေါ်ကြည်မေ  ပြောနေသည့် စကားတို့ကို တောမင်းတမန်  တည်ငြိမ်စွာ နားထောင်နေလိုက်သည်။

တောမင်းတမန်  အကြောင်းအရာ အားလုံးကို နားထောင်ပြီးချိန်တွင်တော့ လှောင်ပြောင်လိုစိတ်ကို မထိန်းသာတော့....။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now