part 35

1.4K 79 0
                                    

Unicode & Zawgyi

(Unicode)

နောက်တစ်နေ့ မနက်၌....

တောမင်းတမန် ....စေစားရာ ကို အလုပ်သို့ လိုက်ပို့ပြီး သူသည်လည်း Cloud လုပ်ငန်းစုသို့ ထွက်လာခဲ့သည်။

တောမင်းတမန် ...သူ၏ ဋ္ဌာနအတွင်းသို့
ဝင်လိုက်သည် နှင့် ယခင်နေ့က မြင်ခဲ့ရသလို ပုံံစံမကျမှုများ ကို တွေ့လိုက်ရသည်။

တောမင်းတမန် ရောက်နေသည်ကိုတောင် အရေးမလုပ် သူတို့လုပ်မြဲလုပ်နေသည့်အလုပ်ကိုသာ ဆက်လုပ်နေသည့် ဝန်ထမ်းများ ကိုတွေ့လိုက်ရသည် ။

"ငါ့အနေနဲ့ အရင်ဆုံး ဒီယိုယွင်းနေတဲ့ ဋ္ဌာနကြီးကို ပြင်ဆင်ရမယ်...အဓိက ကတော့ ဒီဝန်ထမ်းတွေရဲ့စိတ်ပဲ...."

တောမင်းတမန် ထိုအတွေးကို တွေးရင်း
သူ့နှုတ်ခမ်းထက်ဝယ် အပြုံးခပ်ရေးရေး ကို ဆင်မြန်းထားသည်။

"အကုန်လုံး က အလုပ်နဲ့အိမ် မှားနေကြတာပဲ....ခင်ဗျားတို့အားလုံးကို အပန်းဖြေ ခရီးထွက်ဖို့ ကုမ္ပဏီ က စီစဉ်ပေးထားတယ် ထင်နေလား....အခု ဒါ ဘာပုံစံတွေလည်း..."

တောမင်းတမန် အသံမှာ တိုးလည်းမတိုးသလို ကျယ်လည်းမကျယ်ပေ ။
သို့သော် အသံမှာ အေးစက်နေသည်။

"မန်....မန်နေဂျာ..."

ဋ္ဌာနထဲရှိ ဝန်ထမ်းသုံးယောက်လုံး
တောမင်းတမန်  ၏
စကားမှ အေးစက်မှုကို ခံစားမိသဖြင့် တုန်လှုပ်သွားသည်။

မနေ့က မိတ်ဆက်ခဲ့တုန်းက သဘောဖြူ လွန်းသည့် လူငယ်လေးက မည်သည့်နေရာသို့ ရောက်သွားသနည်း။

"အားလုံးက အလုပ်နေရာကို အခုလို အလွဲသုံးစား လုပ်နေကြလို့ ဒီဋ္ဌာန က ဂိုဒေါင်သာသာ အဆင့်ပဲ ရှိ တော့တာ....တစ်ယောက်က လုပ်ငန်းသုံး
ကွန်ပျူ တာကို ဇာတ်ကားကြည့်ဖို့ သုံးနေတယ်....တစ်ယောက်က မုန့်ဆိုင်ဖွင့်ထားသလားထင်ရတယ်.... တစ်ယောက်ကတော့ beauty center နဲ့ မှားနေတယ်...ခင်ဗျားတို့ကို ခင်ဗျားတို့ ဒီကုမ္ပဏီရဲ့ လစာကို ယူပြီးရင် ထိုက်သင့်တဲ့ လုပ်အားပြန်ပေးရမယ် ဆိုတဲ့လူ့အသိ ရှိသင့်တယ်မထင်ဘူးလား..."

"အာ မန်နေဂျာ  မသိသေးဘူး ထင်တယ်....
ကျွန်တော်တို့မှာ လုပ်စရာ အလုပ်မရှိဘူးခင်ဗျ...ကျွန်တော်တို့ လုပ်ချင်ရင်တောင်...ဘယ်သူကမှ ကျွန်တော်တို့ကို အလုပ်လွှဲမပေးဘူး...ပြီးတော့ ကျွန်တော်တို့က နောက်သုံးလလောက်ဆို အလုပ်ထုတ်ခံရတော့မှာ
အဲ့ဒါကြောင့် ကျွန်တော် တို့က.."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now