part 9

1.8K 87 0
                                    

Unicode & Zawgyi

(Unicode)

စေစားရာ ရီဝေစွာနဲ့ နိုးလာခဲ့သည်။

သို့သော် သူ့ပတ်ဝန်းကျင်ကို သူ မရင်းနှီး။

သူ့ကိုယ်သူ မည်သည့်နေရာ ရောက်နေမှန်းလည်း မသိချေ....။

သူ၏ အသိစိတ်တို့ကလည်းဗလာနတ္ထိဖြစ်နေခဲ့၏။

သူ ရက်စက်လှသည့် စကားတို့ကို မခုခံနိုင်တော့၍ ထိုနေရာက ပြေးထွက်လာခဲ့သည်။ထို့နောက် ရီဝေမူးနောက်မှုကို ခံစားလိုက်ရပြီး သူ့ရှေက မြင်ကွင်းတို့ လုံးဝ မှောင်အတိ ဖြစ်သွားခဲ့သည်။

စေစားရာ အနေနဲ့ သူမှတ်မိသေးသည်။သူ့မြင်ကွင်းတို့ မှောင်အတိ မဖြစ်ခင် သူ့ရှေ့က လူတွေ၏ ပြောစကားကို... ။

'တောမင်းတမန် ဒီလောက်အထိ ရက်ရောမယ် ထင်မထားဘူး....ဒီလောက်ချောတဲ့ကောင်လေးကို ရက်ရက်ရောရော ငါတို့ကို ပေးရက်တယ်..'

"စေစား....စေစား...."

"ကိုကို....ကိုကို လား...."

စေစားရာ သူ၏ ရီဝေနေသည့် မျက်ဝန်းတို့ကို ဖွင့်ဟကာ အသံလာရာ မျှော်လင့်တကြီး
မော့ကြည့်လာခဲ့သည်။

"စေစား...ငါပါ ထွန်းမင်း..."

"......"

စေစားရာ ၏ စိတ်ထဲတွင် နာကျင်မှု စိတ်ပျက်မှုတို့ ကသာ စီးဆင်းလျှက်....။

"စေစား ငါ မင်းကို အိမ်ပြန်ပြီးအနားယူခိုင်းတာလေ....ဖုန်း ဆက်တော့လည်း မကိုင်ဘူး... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ ကံကောင်းလို့ ငါ မင်းဖုန်းထဲမှာ GPS software သာ ထည့်မပေးထားရင် အခုချိန် ငါ မင်းကို ဘယ်မှာ လိုက်ရှာ ရမှန်းတောင် သိမှာ မဟုတ်ဘူး...."

"......"

စေစားရာ သည်ကား စကားတစ်ခွန်း မှ
မကြားသည့်အလား တိတ်ဆိတ်လျှက်...။

"လာ ငါ အိမ်ကို လိုက်ပို့ပေးမယ်.... "

ထွန်းမင်း ... စေစားရာ ကို အိမ်ရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။

စေစားရာ အိပ်ပျော်သွားပြီဆိုတာ သေချာမှသာ ပြန်လာခဲ့သည်။

တစ်ဖက်၌ ဦးကျော်မောင်နဲ့အတူ ခွန်းရည်ချိုတို့ အတူ ထိုင်နေကြသည်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now