part 15

1.8K 96 0
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန်..သူ့အနေနဲ့....စေစားရာ ၏ စကားထဲက နာကျင်မှုကို ခံစားမိပါသည်။

မိမိလည်း ထိုနာကျင်မှုထက်မလျော့သော နာကျင်မှုကို ရင်ဝယ်ပိုက်မိထားသည်ပင်။

"ကိုကို လူမမှားပါဘူး.....စေ..."

"....."

တောမင်းတမန် စကားကြောင့် စေစားရာ ခြေလှမ်းတို့အနည်းငယ်ရပ်တန့်သွားသည်။

"အခြားသူကိုသာ မှားရင်မှားမယ် အခြားသူကိုသာ မေ့ချင်မေ့မယ်... ကိုကို့ရဲ့ နှလုံးသားကိုတော့ မမေ့ဘူး....စေ..."

"ကျစ်စ်!!!...ခင်ဗျား က စိတ်အနှောင့်အယှက် ပေးလိုက်တာ....လူမှားတယ်ဆို မှားတယ်ပေါ့....ဘာတွေကို မေ့တာ တွေ မမေ့တာတွေလုပ်နေတာလည်း...."

"စေ... ကိုကို တောင်းပန်ပါတယ်.... "

"ဒီက အစ်ကို လွဲနေပြီ....ကျွန်တော်နဲ့ ခင်ဗျား က လူစိမ်းတွေဘဲ....တောင်းပန်စရာ အကြောင်းရှိလို့လား...."

စေစားရာ ၏ မျက်နှာတွင် ခံစားချက်တို့ ရှင်းလင်းနေသည်။

အမှန်တကယ် သိရှိခဲ့ခြင်းမရှိသည့် လူတစ်ယောက်ကို စကားပြောနေသည့်အလား.....။

"ကိုကို....မဟုတ်ခဲ့ဘူး..."

"....."

"ဦးလေးကို ကားနဲ့တိုက်တာ ကိုကို မဟုတ်ခဲ့ဘူး ဆိုရင်ရော...."

စေစားရာ မျက်ဝန်း တို့တွင် အနည်းငယ် တော့ တုန်လှုပ်သွားသည်။

"မဟုတ်ခဲ့ဘူး...ဒါဘာကို ဆိုလိုတာလည်း...."

"ကိုကို လွှဲချ ခံခဲ့ရတာ...."

"ဟုတ်လား...."

စေစားရာ ၏ အဖြေကို ကြားလိုက်ရသည်မို့ တောမင်းတမန် မှာ အားတက်သွားသည်။

"ဟုတ်တယ်..... ကိုကို အဲ့ဒီ အကြောင်းတွေ စေ ကို ပြောပြဖို့လိုတယ်...."

"စိတ်မရှိပါနဲ့ ကျွန်တော် နားထောင်ဖို့ စိတ်ကူး မရှိလို့...."

"စေ...ကိုကို အရင်ဆုံး ပြောပြပါရစေဦး....
ပြီးမှ...စေ.. သဘောကျ ဆုံး..."

"သေပြီ...."

စေစားရာ...တောမင်းတမန် ၏ စကား အဆုံးသတ်ကို မစောင့်ဘဲ ဆိုလာခြင်းပင်။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now