part 25

1.6K 97 4
                                    

Unicode & Zawgyi

(Unicode)

Lovely coffee bar တွင်..

"စေစား.... "

"......"

ထွန်းမင်းအောင် အနား၌ ရှိနေသည်ကို
သတိမမူမိနိုင်လောက်အောင် စေစားရာ အတွေးအာရုံထဲ၌သာ နစ်မြုပ်နေသည်။

အမှန်တကယ် စေစားရာ မှာ မိုးမခဝေ နဲ့
တွေ့ပြီးကတည်းက စိတ်နဲ့လူနဲ့ မကပ်
ဖြစ်နေခြင်းပင်...။

ထွန်းမင်းအောင် စေစားရာ လက်ကို
လှုပ်ရမ်းလိုက်ပြီး....

"စေစား..."

ထိုအခါမှ စေစားရာ အသိဝင်ကာ ...

"အမ်...အင်း....ဘာလဲ.."

အယောင်ယောင်အမှားမှားနဲ့ ဖြေလာသည့် စေစားရာ ကြောင့် ထွန်းမင်းအောင် ပို၍ စိတ်ပူလာရသည်။

"စေစား မင်း ဘာဖြစ်နေတာလဲ....
နေမကောင်းဘူးလား....စိတ်နဲ့ လူနဲ့လည်း
မကပ်ဘူး...ငါကြည့်နေတာ ကြာပြီ...
နေ့လည်လောက်ကတည်းက မင်းမျက်နှာ
မလန်းတာ..."

"ငါ ဘာမှ မဖြစ်ပါဘူး.. ဒီအတိုင်း စဉ်းစားစရာ နည်းနည်း ရှိလို့ပါ...."

"တကယ်ရော အဆင်ပြေလို့လား....မင်းမျက်နှာက ဖြူ ဖျော့နေတာပဲ.....မင်းဒီလောက်နဲ့ ပြန်ပြီး နားလိုက်ပါတော့လား...."

စေစားရာ အနည်းငယ် ပြုံးလိုက်ပြီး....

"ငါအဆင်​ပြေတယ် နည်းနည်းပင်ပန်းသွားလို့ နေမှာပါ...."

ထွန်းမင်းအောင် သိသည်။

သူ၏ သူငယ်ချင်း စေစားရာ  ပါးစပ်ကအဆင်ပြေသည် ပြောနေသော်လည်း
အမှန်တကယ် အဆင်ပြေခြင်းရှိမနေသည်ကို
သိနေသည်။

"အဆင်ပြေတယ် လုပ်မနေနဲ့ ပြန်ပြီးနားလိုက်တော့..."

"ကျေးဇူးပါကွာ..."

စေစားရာ ထပ်မငြင်းဆန်တော့။

ထွန်းမင်းအောင် ပြောနေသည်ကို လက်ခံလိုက်သည်။

တကယ်လည်း သူပင်ပန်းနေပြီ ဖြစ်သည်။
မနက်က မိုးမခဝေ ထံမှ ကြားခဲ့ရသော
စကားများမှာ အခုချိန်ထိ နားထဲက
မထွက်သေး။

စေစားရာ မိမိအနေနှင့် ကြားခဲ့ရသော
စကားများကို အမှန်တကယ် မှန်လား
မှားလား မဆုံးဖြတ်နိုင်....။
မိမိနှလုံးသားက အမှန်ဟု
ယုံကြည်ချင်သော်လည်း ဦးနှောက်က လက်မခံ...။

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now