part 7

2.1K 105 2
                                    

Unicode & Zawgyi

(Unicode)

တောမင်းတမန်  ရုတ်တရက် ဘာမှ
နားမလည်နိုင်.... ။

"ခင်ဗျားတို့ လူမှားနေတာ မဟုတ်ဘူးလား...."

တောမင်းတမန်  မေးခွန်းထုတ်မိသည်။

"မှားစရာ အကြောင်းအရင်းမရှိဘူး....အေးဆေး လိုက်ခဲ့ပေါ့ဗျာ....ရုန်းရင်းဆန်ခတ် ဖြစ်သွားရင်
မကောင်းဘူးဗျ.....ခင်ဗျား ပဲ
အရှက်ကွဲလိမ့်မယ်... "

တောမင်းတမန်  ကို လက်ထိပ်ခတ်ရင်း
ထိုတပ်ကြပ်က ပြောလိုက်သည်။

"စေ... ကိုကို ခဏ လိုက်သွားလိုက်မယ် .....ဘာမှ မဖြစ်ဘူး မစိုးရိမ်နဲ့....ခဏလေးပဲ သူတို့ လူမှားနေတာ...."

"ကိုကို....."

"ခဏလေးပဲ လိမ်မာတယ် နော်...."

တောမင်းတမန်... စေစားရာ ဆံပင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

ထို့နောက်တွင် တောမင်းတမန်...
ဒုရဲအုပ် မြတ်မင်းနဲ့ အတူ လိုက်သွားခဲ့သည်။

"စေစား... မင်းကိုကို က ဘာဖြစ်တာလဲ...သူ့ကို ဖမ်းသွားတာ တွေ့လိုက်တယ်....."

ခုနက အဖြစ်အပျက်များ ဖြစ်နေချိန်တွင် ထွန်းမင်းသည်ကားအနားမှာ မရှိပေ....။
ထွန်းမင်း ဆေးရုံ အပေါက်ဝတွင် လက်ထိပ်တန်းလန်းနှင့်ဖြစ်နေသော တောမင်းတမန်  ကိုသာ တွေ့လိုက်ရ၍ မေးမိခြင်းပင်...။

"ကိုကို....ကိုကို...က....လူကို တိုက်ပြီး ထွက်ပြေးသွားလို့တဲ့....အဲ့ဒါ...ထွန်းမင်း
သူတို့လူမှားတာ နေမှာပါနော်.....
ဟုတ်တယ်မလား...ဟုတ်တယ် မလား ဟင်..."

"စေစား မင်းထင်သလို သူတို့ လူမှားတာ နေမှာပါ....အခုတော့ ဦးလေးကိုပဲ အာရုံစိုက်တာပေါ့..."

"အင်း....."

ယခုချိန် စေစားရာ ၏ စိတ်ထဲ ရှုပ်ထွေးနေသည်မှာ အမှန်...။

"ငါ ခုန ဦးလေး ဒီမှာ ဆေးရုံဆက်တက်ဖို့ လိုအပ်တာတွေ အကုန်လုပ်ပြီးပြီ...."

"ဆေးကုသ စရိတ်ကကော မင်း ဘယ်လို လုပ်လိုက်လဲ...."

"ငါ ပေးလိုက်တယ်....."

"ကျေးဇူးတင်ပါတယ် ထွန်းမင်း... ငါ ဆေးရုံ စရိတ်ကို ပြန်ပေးပါ့မယ်...."

အမုန်းတို့ ကုန်လွန်၍ အချစ်တို့ ဖြစ်တည်စေသား...။(completed) Where stories live. Discover now