Chapter (15)

884 99 1
                                    

Stepfather
-----------------

လေတစ်ချက်ဝေ့တိုင်း ပြတင်းတံခါးမှာ ချိတ်ဆွဲထားတဲ့ လိုက်ကာစလေးက ရမ်းခါလို့သွားသည်..။ အခန်းကကျယ်သော်ငြားလည်း ပစ္စည်းပစ္စယတွေ ပွနေတာကြောင့် လမ်းလျှောက်ရင်တောင် သိုင်းကွက်နင်းပြီးလျှောက်ရမယ့် အလားအလာပင်..။

ထောက်ထိုင်ပေါ်က ဖြူလွလွကင်းပတ်စလေးလေးဟာ ခုတော့ စုတ်ချက်တို့နှင့် ခပ်သော့သော့ ရေးခြစ်ခြင်းကို ခံနေရသည်..။ မကြာခင်မှာပဲ ရုပ်လုံးပေါ်လာသော ရုပ်ပုံကားချပ်ကြောင့် နမ်ဂျွန်းမှာ ပါးချိုင့်များ ခွက်ဝင်အောင်ပြုံးသည်..။

" နမ်ဂျွန်း..မင်းအခန်းထဲမှာရှိလား..? "

စူးခနဲထွက်လာသော ယွန်းဂီအသံက ဒီအချိန်တွင်တော့ သရဲ တစ္ဆေထက်ကြောက်ဖို့ ကောင်းနေသည်..။ ဆဲွဲဲပြီးသားကင်းပတ်စကို ထောက်တိုင်မှ ဖြုတ်လိုက်ကာ နံရံထောင့်က ဆေးပုံးတွေကြား သွားထားလိုက်တယ်..။ ပြီးမှ..

"အင်း ဝင်ခဲ့လေ.. "

"ယား...ရှုပ်ပွနေတာပဲကွာ ပန်းချီခန်းလား..? အမှိုက်ခန်းလား..မသဲကွဲတော့ဘူး.."

ယွန်းဂီ က ခုန်ဆွခုန်ဆွနဲ့ သူ့အနားရောက်လာကာ သူ့အား စူးစမ်းသလိုကြည့်လာရင်း..

"Uncle ကင်မ်ဆော့ဂျင် အကြောင်းမသိချင်ဘူးလား..? "

"ပြောပြဖို့ ငါ့ဆီလာတာမလား..? စျေးမကိုင်နဲ့ ပြော.."

"သူ ဆေးကျောင်းနားလိုက်တာ မိန်းကလေးတစ်ယောက်နဲ့ ပတ်သတ်နေတယ် ငါလည်းအတိအကျ သိပ်မသိဘူး အဆော့လေသံအရဆို အဲ့လိုမျိုးပဲ.."

Daddyငယ် နဲ့ပတ်သတ်သော သတင်းတိုင်းသည် နမ်ဂျွန်းအတွက်တော့ စိတ်မောစေကာ လူကို နုံးချိစေသည်..။

"နမ်ဂျွန်း.."

စူးစမ်းသလို ကြည့်လာတဲ့ ယွန်းဂီ ကို အင်း ဟုသာ အသံနှင့် ထောက်ခံလိုက်ပြီး ကင်းပတ်စ အလွတ်တစ်ခု ယူကာ ထောက်ထိုင်တွင် တပ်ဆင်လိုက်သည်..။

" ဂျောင်ဟိုဆော့ ကို ငါကိုယ်တိုင်မေးရမယ်ဆိုတဲ့ သဘောလား..? "

" ဟုတ်တယ် ငါပြောချင်တာ အဆော့က မင်းကိုဆိုရင် ကျိန်းသေပေါက် ပြောပြမှာပဲ.."

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now