Chapter (21)

984 119 21
                                    


Stepfather
____________

ခုတလော Club ၌သာ နမ်ဂျွန်းအနေများသည်..။ Manager လာပေးတဲ့ ဝန်ထမ်းတွေရဲ့ လ စာ စာရင်းကို ကော်ဖီလေးသောက်ကာ အချောကိုင် တွက်ချက်လို့နေသည်..။

"ဘမ်း..! "

ကျယ်လောင်သော အခန်းတံခါး ဖွင့်သံနှင့်အတူ ယွန်းဂီ က အခန်းထဲသို့ ကမူးကရူးဝင်လာကာ စားပွဲခုံပေါ်ကို ဆိုင်ကယ်ဦးထုပ်ကို ပစ်တင်လိုက်တယ်..။ သူပုံစံက တအားကို ကြမ်းတမ်း နေတာကြောင့် နမ်ဂျွန်း မှာ မျက်လွှာပင့်ကြည့်လိုက်ပြီး..

"အသာလုပ်စမ်းပါ ဘာဖြစ်လာတာလဲ  ..? "

"Uncle ကင်ဆော့ဂျင် ပျောက်နေတယ် "

"ဘာ!  "

နမ်ဂျွန်း မှာ ကသမ်းကယမ်းနဲ့ ထိုင်ရာမှထရပ်ရင်း..

"သေချာလို့လား..? သူက Club တိုင်းကို လျှောက်သွားနေတာလေ တစ်နေရာရာမှာ မှောက်နေတာရော မဖြစ်နိုင်ဘူးလား..? "

" အဆော့ပြောတာတော့ ဘယ်လောက်မူးရူးနေပါစေ အိမ်ကိုရောက်အောင် ပြန်လာတယ်တဲ့..၊ မနေ့က ပြန်ရောက်မလာဘူး ဒီနေ့လည်း ညနေစောင်းနေပြီ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး.."

ယွန်းဂီ က ထိုသို့တစ်ရှည်တစ်လျား ရှင်းပြလာကာ မော့ဟိုက်သွားပုံနှင့် Water Colar မှ ရေတစ်ခွက်ကို ငှဲ့သောက်ရင်း စကားကိုဆက်သည်..။

" သူဘယ်ရောက်သွားတယ်လို့ မင်းထင်လဲ..? "

"ငါမသိဘူး အိုမားက ကင်မ်ဆော့ဂျင်နဲ့ မပတ်သက်ခိုင်းတဲ့အပြင် စည်းမျဥ်းတွေအရ ငါတို့ နှစ်ယောက်က ချစ်ခွင့်မရှိဘူး "

နမ်ဂျွန်း မျက်နှာက အတော်လေးကို ပျက်ကျသွားတာမို့ ယွန်းဂီ မှာ ဆက်မပြောတော့ပဲ သက်ပြင်းသာချသည်..။ ပြီးမှ..

" ငါ အဲ့တာ လာပြောတာ အဆော့က မင်းနဲ့အတူ ရှိနေလားလို့ မေးခိုင်းလိုက်တာ ငါပြောပါတယ် မရှိလောက်ပါဘူးလို့ ဒီအတိုင်းဆိုရင် လူပျောက်တိုင်မယ် ထင်တာပဲ "

"အင်း သတင်းထူးရင်လည်း လှမ်းပြောဦး.."

"Ok "

ဆိုင်ကယ်ဦးထုပ်ကို ကောက်ကိုင်ပြီး ယွန်းဂီ အခန်းထဲက မြူးထူးစွာပင် ထွက်သွားသည်..။ နမ်ဂျွန်း မျက်နှာက စိတ်မကောင်းခြင်းများနှင့် ဖုံးလွမ်းနေသော်လည်း မျက်လုံးအစုံကတော့ ညိုမှိုင်းကာ ထက်ရှလို့..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now