Chapter (24)

766 107 12
                                    

Stepfather
____________

ခြေထောက်နဲ့လက်ကို ချုပ်ထားတဲ့ သံကြိုးတွေက မိမိချုပ်နှောင်ထားရာ အခန်းထဲကို နှံ့နှံ့စပ်စပ်သွားနိုင်ဖို့ စီစဥ်ထားပုံပင်..။ ကုတင်ပေါ်တွင်ထိုင်တာ ကြာလာတော့ တင်ပါးရိုးတွေနာလာသည်..။ အော်ဟစ် ငိုရ၍လည်း အသံတွေ ဝင်နေပြီ..။ ဆော့ဂျင်မှာ ခြေကုန်လက်ပမ်း ကျလာကာ မျက်လုံးတွေ ဝေပြီး ခေါင်းက မူးလာသည်..။

နောက်ဆုံးတော့ မိမိကိုယ်တိုင် အားဖြည့်ရတော့သည်..။ စားပွဲပေါ်က အစားအသောက်တွေဟာ ခုတော့ ဆော့ဂျင်လက်ချက်ကြောင့် တက်တက်စင်အောင် ပြောင်သလင်း ခါချေပြီ..။

အခန်းထောင့်က ရေခဲသေတ္တာဆီသွားကာ အထဲမှာ ဘာရှိမလဲ စူးစမ်းလိုက်တယ်..။

"ဝေါင်း "

သစ်သီးမျိုးစုံ ၊ ရေသန့်ဗူးနှင့် ကြက်ဥတွေအကဒ်လိုက်က အထဲတွင် ပြွတ်သိပ်ကာ ထပ်နေသည်..။ အစကတော့ ခုလိုစားဖို့ သောက်ဖို့ စိတ်ဆန္ဒ မရှိခဲ့သော်လည်း ကင်မ်နမ်ဂျွန်းသာမကပဲ အခြားသူတစ်ယောက်ပါ ဒီအိမ်ထဲတွင် ရှိနေသည်..။ ဒါကြောင့် အားပြည့်အောင် စားသောက်ပြီးမှ ခုခံကာကွယ်နိုင်မှာ မဟုတ်လား..?

"ဟင်း..ဟိုဆော့တော့ စိတ်ပူနေတော့မှာပဲ "

အုတ်နဲ့ပိတ်ထားသော ပြတင်းပေါက်ဆီ လမ်းလျှောက်တော့ ခြေထောက်နဲ့ လက်မှ သံကြိုးတွေက တစ်ချွင်းချွင်းနဲ့ မြည်သံပေးသည်..။ အလုံပိတ် အခန်းထဲတွင် စားသောက်ဖွယ်ရာ အပြည့်နှင့် နေထိုင်ရသော သူ့ဘဝ က စမ်းသပ်ခန်းထဲက ငှက်လေးတစ်ကောင်နဲ့တောင် တူနေသည်..။

ဘာကြောင့်လဲ..?
နမ်ဂျွန်း..
မင်း ငါ့ကို ချစ်တယ်ဆိုတာ ဒီလိုမျိုးလား..?

" မင်းပြောတာ တကယ်နော် နမ်ဂျွန်း "

"အင်း.."

"အဲ့ဒါဆိုပြီးရော "

တံခါးဖွင့်သံနှင့်အတူ လုံးခနဲ ဝင်လာသော ယောကျာ်း နှစ်ယောက်ရဲ့အသံ..။ ဆော့ဂျင် လှည့်မကြည့်ဘဲ ဒီအတိုင်းသာ ရပ်နေမိသည်..။ ခဏအကြာမှာတော့ ခြေသံတစ်ဖျပ်ဖျပ်နဲ့အတူ သနားစရာကောင်းသော အသံလေးက တိုးသဲ့စွာနှင့်..

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now