Chapter (12)

1K 118 19
                                    


Stepfather
***********

"ကျေးဇူးပဲ hyung ကျွန်တော်နဲ့အတူဆေးရုံကို လိုက်ခဲ့ပေးလို့.."

ဆော့ဂျင် က ဘာ့မှမဖြစ်သလိုနှင့် လက်ကာပြလိုက်ရင်း..

"မလိုဘူး ငါလုပ်သင့်တာလုပ်တာပဲ.."

ထိုမျှသာပြောပြီး နှစ်ယောက်သားတိတ်ဆိတ်ကုန်ပြန်တယ်..၊ ဆေးရုံကော်ရစ်တာမှာမို့..ဆော့ဂျင်က ခြေလှမ်းကျဲကြီးများနှင့် လမ်းလျှောက်နေပြီး နမ်ဂျွန်း ပုခုံးကိုခပ်ဖွဖွဖက်ထားကာ..

"မင်းက Phiboa ကိုတော်တော်လေးထိန်းချုပ်နိုင်တာပဲ.."

နမ်ဂျွန်းမှာ နေကာမျက်မှန် အောက်ကနေ ဆော့ဂျင် ကိုအသာခိုးကြည့်လိုက်ပြီး...

" ကျွန်တော်က ဆေးရုံကိုမုန်းတာ အဲ့ဒီ ကနေကြောက်တဲ့ အဆင့်ဖြစ်သွားတာလေ ဘေးမှာလူတစ်ယောက် ယောက်ရှိရင် အဲ့လောက်အခြေအနေ မဆိုးပါဘူး.."

"ဘာလို့ဆေးရုံကို မုန်းတာလဲ?"

ပြန်ဖြေသံမကြားရ..။ တစ်ချို့သော မေးခွန်းတွေက တစ်ဖတ်သတ်ချည်း ဖြစ်နေတတ်တာမို့ ဆော့ဂျင်ဆက် မေးမနေတော့..၊ ကိုယ့်မှာတောင် မဖြေချင်တဲ့ အတိတ်အကြောင်းအရာလေးတွေ ရှိနေသေးတာပဲ..၊သို့ပေမဲ့ အတော်ကြာမှ..

"ကျွန်တော့် အဖေကြောင့်.."

"ဟမ်!"

နမ်ဂျွန်း မှာထိုမျှသာပြောပြီး သူ့ပုခုံးပေါ်က ဆော့ဂျင် ရဲ့လက်ကို အသာဖြုတ်ချလိုက်မိတယ်..။ Car Parking ကိုရောက်နေပြီမဟုတ်လား..?

"အိမ်ကို Taxi ငှါးပြီးပြန်လိုက်နော် ယွန်းဂီကလည်း ဆေးရုံမှာမို့ ဒီနေ့တော့ ကျွန်တော် Club ကိုစောစောသွားရမယ်.."

အလျင်တဆော မောင်းထွက်သွားသော ကားလေးကိုကြည့်ပြီး ဆော့ဂျင်မှာငေါင်တောင်တောင်နဲ့ ကျန်ရစ်ခဲ့သည်..။ ဘယ်လိုကောင်လဲကွ..၊ ခေါ်တုန်းကခေါ်ပြီး ခုတော့အမှိုက်တစ်စလို ပစ်ချသွားပါလား..?

*********

"စီနီယာ...ညစာစားချိန်ရောက်နေပြီ ကျွန်တော် တစ်ခုခုသွား ဝယ်ပေးရမလား?"

ဂျီမင် က အခန်းထဲကို ခေါင်းတစ်လုံးဝင်ရင်း ဟိုဆော့ ကိုမဝံ့မရဲနဲ့ လှမ်းမေးသည်..။ အခန့်မသင့်ရင် အငေါက်ခံရနိုင်တယ် မဟုတ်လား?

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now