Chapter (17)

829 102 3
                                    

Stepfather
____________

တရေးနိုးလျှင် ဗိုက်ဆာတတ်သည်က ဆော့ဂျင်အကျင့်..၊ ခုလည်း အိပ်မှုန်စုန်မွှားနဲ့ အပေါ်ထပ်က ကသမ်းကယမ်း ဆင်းလာရင်း မီးဖိုချောင်းထဲသို့ ဦးတည်မိသည်..။

အမှောင်ကျနေသော ဧည့်ခန်းကို မီးထွန်းရန်ပြင်လိုက်စဥ် စေ့ထားသည့်တံခါးမှ မီးရောင်တစ်စွန်းတစ်စကြောင့်..

"ကင်မ်နမ်ဂျွန်း ရဲ့ ပန်းချီခန်းက မလား..? အဲ့ကောင်က ခုထိမအိပ်သေးဘူးလား..? "

စပ်စုချင်သည့်စိတ်က အခန်းထဲကိုခေါင်းပြူ​ေစသည်..။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် များစွာသော ပန်းချီကားချပ်များက အရွယ်အစားစုံလင်စွာ..။

ဟိုတစ်ခါတုန်းက မိမိပုံတူကို ပန်းချီပြခန်းတွင်တွေ့လိုက်ရသည် မဟုတ်လား..? အဲ့တုန်းက ကိစ္စကိုထားတော့..။ ဒီကြားထဲကိစ္စတွေအများကြီး ဖြစ်ပြီးတဲ့နောက်မှာ သူ တတ်နိုင်သမျှ ကင်မ်နမ်ဂျွန်း နဲ့ဝေးအောင်နေသည်..။

"ခွမ်း..."

မီးဖိုခန်းထဲက အသံကြောင့် ဆော့ဂျင်မှာလန့်သွားပြီး ထိုအခန်းထဲသို​့ ဝင်မိသွားတယ်..။ ဒီအိမ်မှာ လူသုံးယောက်​သာ ရှိသည်လေ..။ အိုဂျောင်မီကလည်း အပေါ်ထပ်မှာဆိုတော့ ခု မီးဖိုချောင်ထဲရှိနေတာ ကင်နမ်ဂျွန်း ပဲဖြစ်လိမ့်မည်..။

ပန်းချီဆွဲရင်း ဗိုက်ဆာလို့နေမှာပေါ့..။ ကျစ်! ငါလည်း ဗိုက်ဆာနေတာလေ..။ အခန်းထဲက ပြန်ထွက်ရန် ပြင်လိုက်ပေမဲ့ ေခြသံတစ်ဖျပ်ဖျပ်ကြောင့် ဆော့ဂျင် နှလုံးသား တစ်ဒိန်းဒိန်းနဲ့ ခုန်နေပြီ..။ သူ ဒီအခန်းထဲက ထွက်သွားဖို့ အချိန်မမှီတော့ဘူး ထင်ပါရဲ့..။

ရှုပ်ပွနေသော အခန်းမို့ ေထာင့်နားကပ်ကာ ဆေးပုံးတွေကြား ပုန်းနေလိုက်တယ်..။ မြင်သွားတော့လည်း ဘာအရေးလဲ..?

အခန်းတံခါးဖွင့်သံ 'ချောက်'ခနဲနှင့်အတူ လူတစ်ယောက်အခန်းထဲ ဝင်လာသည်..။ ကင်မ်နမ်ဂျွန်း က ထောက်ထိုင်ပေါ်မှ ပန်းချီကားအားအတော်ကြာ စိုက်ကြည့်ပြီးမှ ပုဝါဖြူနဲ့ အုပ်ချလိုက်သည်..။ ပြီးနောက် မီးမှိတ်ကာ အခန်းထဲက ထွက်သွားတော့သည်..။ဆော့ဂျင်မှာ ဟူးခနဲ သက်ပြင်းမောကို မှုတ်ထုတ်ရင်း..

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now