Chapter (9)

794 98 0
                                    


Stepfather
***********

"ဘာလို့အဲ့လောက် ပိုက်ဆံအများကြီး ပေးလိုက်တာလဲ ?အိုမားက ကျွန်တော့်ကိုတောင် မတိုင်ပင်တော့ဘူးပေါ့. . . "

အိုဂျောင်မီက တုန့်တုန့်တောင်မလှုပ်ဘဲ Sofa ပေါ်မှာ ဟန်မပျက်ထိုင်နေလျက် ၊ Beauty salon ဖွင့်ထားတဲ့ သူမက အလှအပရေးရာမှာတော့ ဆရာတစ်ဆူပင်..

အခုလည်းကြည့် Smart ကျကျပြင်ဆင်ထားလိုက်တာများ. . . မိန်းမငယ်လေးတွေတောင် အရှုံးပေးရလောက်တယ်. .။

ဒါတွေအသာထား.. အခုချိန်မှာ ကင်မ်နမ်ဂျွန်း တစ်ယောက် ယောက်ယက်ခတ်ကာ ဧည့်ခန်းထဲမှာ ခေါက်တို့ခေါက်ပြန် လမ်းလျှောက်လို့နေသည်။

ရှူးရှူးရှားရှားဖြစ်နေတဲ့ သူပုံစံက ကျားရိုင်းတစ်ကောင်နှင့်တောင် တူနေသေးသည်..။ ထိုပိုက်ဆံများကို ကင်မ်ဆော့ဂျင် ဘာလုပ်မယ်ဆိုတာတော့ မေးစရာပင်မလိုတော့. . .

လောင်းကစားလုပ်မည်. . .
မိန်းကလေး တွေနဲ့ကဲမည်. . .
တခါတလေ စပွန်ဆာ ဘဲကြီး တောင်လုပ်နေလိုက်သေးသည်..။

"သား. . . "

နမ်ဂျွန်း က အမေဖြစ်သူကို အကြည့်တစ်ချက်ဝေ့ကြည့်ပြီး. . .

"ကင်မ်ဆော့ဂျင် က ဘယ်လိုလူမျိုးလဲ ဆိုတာ အိုမား သိလား? ဒါမှမဟုတ် သိလျှက်နဲ့ အဆိပ်ပင် ရေလောင်းနေတာလား?. . . "

အိုဂျောင်မီ က သက်ပြင်းခပ်ဖွဖွချ​ပြီး စားပွဲပေါ်က phone ကို Handbag အိတ်ထဲကောက်ထည့်ကာ ထိုင်ရာမှထသည်။

ပြီးနောက် အပြုံးတစ်ပွင့်နှင့် ပြောလာသောစကားတစ်ခွန်းက ဘယ်လောက်တောင် ဟာသဆန်သလဲ ဆိုရင်. . .

"အိုမားက မောင့်ကိုချစ်လို့တဲ့..ကျန်တာတွေဘာမှမသိချင်ဘူးတဲ့.... "

ခက်လိုက်တာဗျာ. . .
ခြံထဲက အိုမားကားလေး ထွက်သွားသည့်တိုင် နမ်ဂျွန်း မှာ ဧည့်ခန်းထဲ၌ ငူငူငိုင်ငိုင်နှင့် မတ်တပ်ရပ်နေမိသည်..။ အရာရာကို မသိကျိုးကျွံပြုရလောက်တဲ့အထိ ကင်ဆော့ဂျင် ကို ချစ်တာလား. . .အိုမားရယ် ။

                        ****



ပြခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကား ချပ်များကိုကြည့်ရင်း ပါးချိုင့်များ ပေါ်အောင် ပြုံးရယ်နေသော နမ်ဂျွန်း ကို ယွန်းဂီခပ်လှမ်းလှမ်းကတည်းက မြင်နေရသည်..။ ဝါသနာပါတဲ့ အလုပ်မို့လို့လားမသိ.. အရမ်းကိုအပျော်ကြူးနေပုံပင်..။

"Stepfather" [[ COMPLETED ]]✔Where stories live. Discover now